Food & Drink

TGIF ဖို့ စဉ်းစားနေသူတွေအတွက် ပရိုမိုးရှင်းပေးနေတဲ့ အမိုက်စား ဘား (၅) ခု

The Best (5) Bar For TGIF that giving Promotion

ပျော်ရွှင်စရာ သောကြာနေ့လေးပါ ဘော်ဒါတို့ရေ။ လစာထုတ်ကာစရက်လည်းဖြစ်၊ TGIF လည်း ဖြစ်နေလို့ သူငယ်ချင်းတွေစုံရင်း အပျော်ကြီးပျော်နေကြမယ့် ဘော်ဒါတွေအတွက် အမိုက်စားသတင်းကောင်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ 

ဒါကတော့ TGIF နဲ့ Weekend တွေအတွက် Promotion တွေ ပေးထားကြတဲ့ ဘားတွေအကြောင်း ဖြစ်ပါတယ်။ ဆိုင်နာမည်လေးတွေကို တစ်ခုချင်းရွေးရင်း အသွားချင်ဆုံးဆိုင်ကို ရှာဖို့ သေချာလေး ဖတ်သွားပေးနော်။

၁။ 7th Joint Bar & Grill

ဒီဆိုင်လေးကတော့ လူငယ်တော်တော်များများ ထိုင်ဖူးကြမယ်လို့ ထင်ပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး အဖွဲ့လိုက်သောက်လို့ကောင်းတဲ့ ဆိုင်လေးတွေထဲက တစ်ဆိုင်လည်း ဖြစ်ပါတယ်။ TGIF နဲ့ Weekends တွေအပြင် Daily Promotion တွေလည်း ပေးထားတာမို့ သွားသင့်တဲ့ ဆိုင်လေးတစ်ဆိုင်ပါပဲ။ 

သူ့ရဲ့ Promotion  တွေက - 

  • နေ့တိုင်း ညနေ ၅နာရီကနေ ည၈နာရီအထိ ဘာပဲသောက်သောက် Buy 1 Get 1 free
  • စနေနေ့တိုင်း ညနေ ၅နာရီကနေ ဆိုင်ပိတ်ချိန်အထိ ဘော်ဒါဘီယာတာဝါ Buy 1 Get 1 free
  • တနင်္ဂနွေနေ့တိုင်း ညနေ ၅နာရီကနေ ဆိုင်ပိတ်ချိန်အထိ Red Wine Buy 1 Get 1 free

ဆိုင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဆိုင်ဖွင့်ချိန်တွေကိုတော့  

https://bit.ly/2VJ4sqG 

Link လေးကို နှိပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

၂။ Regional Bistro Bar

ဒီဆိုင်လေးက Drinks အစုံအလင် ရပြီး Table Fees, Entrance Fees လုံးဝမရှိတဲ့အပြင် ဆိုင်ဖွင့်ချိန်ကလည်း မနက် ၃ နာရီအထိ ဆိုတော့ ရုံးဆင်းချိန်နောက်ကျတတ်သူတွေ၊ ဘားကို အကြာကြီးထိုင်ချင်သူတွေနဲ့ အိမ်မပိုင်လို့ အမူးပြေမှ အိမ်ပြန်ရမယ့်သူတွေအတွက် အတော့်ကို အဆင်ပြေစေမယ့် ဆိုင်လေးပါ။(လတ်တလောမှာတော့ Covid 19 ကို ကာကွယ်တဲ့အနေနဲ့ ဆိုင်ဖွင့်ချိန်၊ ဆိုင်ပိတ်ချိန်တွေကို ပြောင်းလဲထားပါတယ်။)

သူ့ရဲ့ Promotion  တွေက - 

  • ညနေ ၄နာရီကနေ ဆိုင်ပိတ်ချိန်အထိ Shisha ၁အိုး မှာယူရုံနဲ့ ၂လီတာရှိတဲ့ Tiger Beer Tower ကို Free ပေးသွားမှာဖြစ်ပါတယ်။

ဆိုင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဆိုင်ဖွင့်ချိန်တွေကိုတော့  

https://bit.ly/3gkTsrl 

Link လေးကို နှိပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

၃။ Colony Bar & Bistro

ဒီဆိုင်လေးကတော့ ကျောက်မြောင်းဆိုင်ခွဲမှာ ပရိုမိုးရှင်းမရှိပေမယ့် သာကေတဆိုင်ခွဲမှာတော့ ပရိုမိုးရှင်းတွေ ပေးထားတဲ့ ဆိုင်လေးပါနော်။ ဈေးနှုန်းသင့်တင့်ပြီး Restaurant Type လေးမို့ Bar Sense မကြိုက်သူတွေအတွက်တော့ ထိုင်လို့ကောင်းမယ့် ဆိုင်လေးပါပဲ။ 

သူ့ရဲ့ ပရိုမိုးရှင်းတွေက - 

  • Myanmar Premium ၃ခွက်မှာယူရင် ၁ ခွက် Free
  • Tuborg Beer ၂ခွက်မှာယူရင် ၁ ခွက် Free
  • Drinks တွေအပြင် Food တွေလည်း Promotion ပေးထားပါသေးတယ်။ အဲ့ဒါတွေကတော့ - 
  • ဘီယာ ၅ ခွက်နှင့်အထက် မှာယူသူများအတွက် ကန်စွန်းပလိန်း ၁ ပွဲ Free၊
  • ဘီယာ ၁၀ ခွက်နှင့်အထက် မှာယူသူများအတွက် ကန်စွန်းပလိန်း ၁ ပွဲနှင့် အာလူးချောင်းကြော်တစ်ပွဲ Free  စသဖြင့် ပရိုမိုးရှင်းတွေ ပေးနေတာ ဖြစ်ပါတယ်။ 

ဆိုင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဆိုင်ဖွင့်ချိန်တွေကိုတော့  

https://bit.ly/3ioT2SB 

Link လေးကို နှိပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

၄။ The Palm Bar & Restaurant

ဒီဆိုင်လေးကတော့ ရန်ကုန်မြို့ရဲ့ Downtown View ကို ကြည့်ရင်း တစ်နေ့တာ Stress တွေကို ဖြေလျှော့ဖို့ အကောင်းဆုံးဖြစ်တဲ့ Rooftop Bar လေးပဲ ဖြစ်ပါတယ်။ 

သူ့ရဲ့ Promotion တွေကတော့ -

  • Myanmar Premium ၃ခွက်မှာယူရင် ၁ ခွက် Free
  • Myanmar Premium 1 tower မှာယူရင် Beer ၃ခွက် Free အပြင် နှစ်သက်ရာ Appetizer တစ်မျိုး လက်ဆောင်
  • Cocktail ၂ ခွက် မှာယူရင် ၁ခွက် Free
  • Wine မှာယူသူတိုင်းအတွက် 30% Discount 
  • Shisha တစ်အိုးမှာ တစ်အိုးလက်ဆောင်
  • Whisky တစ်လုံး မှာယူတာနဲ့ PH7, Ice, Mixer လက်ဆောင်
  • Food 50,000 Ks နဲ့အထက် မှာယူတာနဲ့ 10% Discount စသဖြင့် ပရိုမိုးရှင်းတွေ ပေးနေတာ ဖြစ်ပါတယ်။ 

ဆိုင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဆိုင်ဖွင့်ချိန်တွေကိုတော့  

https://bit.ly/3dZSCyC 

Link လေးကို နှိပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

၅။ Cheers Bar & BBQ

ဒီဘားလေးရဲ့ ပရိုမိုးရှင်းလေးကတော့ ထူးထူးခြားခြားပါပဲ။ အပတ်စဉ် သောကြာနေ့တိုင်းမှာ မြန်မာငွေ ၁ ကျပ်တန် တစ်ရွက်ထဲနဲ့ Jagermeister တွေ Shisha အိုးတွေ ဝယ်ယူလို့ ရမယ့် အစီအစဉ် ဖြစ်ပါတယ်။ ညနေ ၆ နာရီမှ ၈ နာရီအတွင်း ပထမဆုံး ဝယ်ယူသော ၁၀ ဝိုင်းကိုသာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ၁ ကျပ်တန် စုတတ်တဲ့ ဘော်ဒါတွေအတွက် ကွက်တိပါပဲ။

ဆိုင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဆိုင်ဖွင့်ချိန်တွေကိုတော့  

https://bit.ly/2VFp8jq 

Link လေးကို နှိပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

 

⇐ Previous Next

Read 2284 times