ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာန ( National Health Laboratory ) ဟာ မြန်မာနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါပိုးရှိမရှိကို လတ်တလော စစ်ဆေးစမ်းသပ်နိုင်တဲ့ တစ်ခုတည်းသောနေရာ ဖြစ်ပါတယ်။
ဒဂုံမြို့နယ်၊ မော်ကွန်းတိုက်လမ်းမပေါ်က အမွေအနှစ် အဆောက်အအုံတစ်ခုမှာ တည်ရှိပါတယ်။
အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနကို ၁၉၁၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ပြင်သစ်လူမျိုး ဓါတုဗေဒနဲ့အဏုဇီဝ ပညာရှင် Louis Pasteur ကို အစွဲပြုပြီး Pasteur Institute အဖြစ် အမည်တွင်ခဲ့ပါတယ်။
Pasteur Institute ဟာ မြန်မာနိုင်ငံမှာ ထိုအချိန်က အလွန်လိုအပ်နေတဲ့ ခွေးရူးပြန်ရောဂါ ကုသတဲ့နေရာအဖြစ် စတင်အသုံးပြုခဲ့ပါတယ်။ ဆိုရှယ်လစ်ခေတ်မှာတော့ အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာန ဖြစ်လာပြီး ယနေ့ထက်တိုင် ဆက်လက်အသုံးပြုနေဆဲ ဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို မကြာသေးခင်ကပဲ အဆင့်မြှင့်တင်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့မှ COVID-19 သံသယရှိလူနာများဆီက ဓါတ်ခွဲနမူနာများကို စမ်းသပ်စစ်ဆေး ထုတ်ပြန်ပေးနေပါတယ်။
ဓါတ်ခွဲခန်းမှာ အဏုဇီဝ ပညာရှင်များနဲ့ ဓာတ်ခွဲခန်းကျွမ်းကျင်းပညာရှင်တို့က COVID-19 ရောဂါပိုးပြန့်ပွားခြင်းကို လျှော့ချနိုင်ဖို့အတွက် နေ့မအားညမနား စမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိပါတယ်။
Read 1652 times