Things To Do

Over 100 Years Old Buildings in Yangon

Over 100 Years Old Buildings in Yangon

အာရှတိုက်မှာ နှစ်ပေါင်းရာကျော် သက်တမ်းရှိတဲ့ သမိုင်းဝင်ရှေးဟောင်းအဆောက်အဦးကြီးတွေများစွာရှိတဲ့ မြို့ကို ပြပါဆိုရင် ရန်ကုန်မြို့တော်ပါပဲ။ အခုတစ်ခါ ရန်ကုန်မြို့ရှိ သက်တမ်းရင့် အဆောက်အဦး (၈) ခုကို ရှေးဟောင်းအဆောက်အဦးအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထိပ်တိုးသတ်မှတ်လိုက်ပါတယ်။ 

 

ပြီးခဲ့တဲ့ မေလ (၃၀) ရက်နေ့တုန်းက နှစ်ပေါင်း (၁၀၀) ကျော်သက်တမ်းရှိတဲ့ ရန်ကုန်တိုင်းရှိ အဆောက်အဦး (၈) ခု၊ ဧရာ၀တီတိုင်းရှိ အဆောက်အဦး (၁၂) ခု၊ ရခိုင်ပြည်နယ်ရှိ အဆောက်အဦး (၁၀) ခု၊ စုစုပေါင်း အဆောက်အဦး (၃၀) ကို ရှေးဟောင်းအဆောက်အဦးအဖြစ် သတ်မှတ်လိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါတယ်။  ရှေးဟောင်းအဆောက်အဦးတွေ ရေရှည်တည်တံ့ခိုင်မြဲစေဖို့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ရှေးဟောင်း အမွေအနှစ် အဆောက်အဦးတွေအဖြစ် အခုလို သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။

 

ရန်ကုန်တိုင်းမှာ ရှေးဟောင်းအဆောက်အဦးအဖြစ် သတ်မှတ်လိုက်တဲ့ အဆောက်အဦး (၈) ခု

(၁) ဒေါပုံသင်္ဘောကျင်း

(၂) ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (ယခင် Government Telegraph Office)

(၃) Kyaw Home Mart (ယခင် TeJoomal Department Store)

(၄) အင်းဝဘဏ် (ယခင် Mercantile Bank of India)

(၅) ပင်စင်ဦးစီးဌာန (ယခင် CURRENCY DEPARTMENT)

(၆) မြန်မာနိုင်ငံသားများဘဏ် (ယခင် Misquith & Co)

(၇) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး

(၈) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံး (ယခင် IRRAWADDY FLOTILA CO.,LTD)

 

ဧရာ၀တီတိုင်းမှာ ရှေးဟောင်းအဆောက်အဦးအဖြစ် သတ်မှတ်လိုက်တဲ့ အဆောက်အဦး (၁၂) ခု

(၁) ကတ်သလစ်သာသနာစိန့်ပီတယ် ဘုရား‌ကျောင်း (ပုသိမ်)

(၂) ပုသိမ်ခရိုင်ထွေအုပ်ဦးစီးဌာနမှတ်တမ်းများထားရာရုံး

(၃) ပုဗ္ဗာရုံကျောင်း (ဓနုဖြူ)

(၄) အသောရုံကျောင်း (ဓနုဖြူ)

(၅) တိုက်ကြီးကျောင်း (ဓနုဖြူ)

(၆) သုဒဿနကျောင်း (ဓနုဖြူ)

(၇) သုခိတာရာမ သုံးထပ်သိမ်ကျောင်း (ဓနုဖြူ)

(၈) ရတနာစိန်ကျောင်း (ဓနုဖြူ)

(၉) ဗောဓိကျောင်း (ဓနုဖြူ)

(၁၀) မြကျောင်း (ဓနုဖြူ)

(၁၁) မှန်ကင်းကျောင်း (ဓနုဖြူ)

(၁၂) ဝေဇယန္တာကျောင်း (ဓနုဖြူ)

 

ရခိုင်ပြည်နယ်မှာ ရှေးဟောင်းအဆောက်အဦးအဖြစ် သတ်မှတ်လိုက်တဲ့ အဆောက်အဦး (၁၀) ခု

(၁) သဒ္ဓမ္မဇောတိကာရုံကျောင်း (စစ်တွေ)

(၂) ဦးရဲကျော်သူကျောင်းတိုက် (စစ်တွေ)

(၃) ဂြစ်ဘက်ကျောင်းတိုက် (စစ်တွေ)

(၄) ပညာလင်္ကာရကျောင်းတိုက် (စစ်တွေ)

(၅) ရွှေစေတီကျောင်းတိုက် (စစ်တွေ)

(၆) ရွာချောင်းကြီးကျောင်းတိုက် (ပေါက်တော)

(၇) ပန်းဖဲချောင်းကျောင်းတိုက် (ပေါက်တော)

(၈)ဘုရားပေါ်ဘုန်းတော် ကြီးကျောင်းတိုက် (မြောက်ဦး)

(၉)ကန်စောက်ကျောင်းတိုက် (မြောက်ဦး)

(၁၀) ငလျင်တောင်‌ကျောင်း (သံတွဲ)

 

အထက်မှာ ဖော်ပြထားတဲ့ အဆောက်အဦး (၃၀) ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်း အဆောက်အဦးများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ရှေးဟောင်းအဆောက်အဦးအဖြစ် သတ်မှတ်ထိန်းသိမ်းမည်ဖြစ်ကြောင်း သိရပါတယ်။ 

 

ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အဦး (၁၉၄) ခုကို သိလိုပါက အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

>> https://shorturl.at/Duwzh

 

Source - Yangon Media Group , Popular News Journal 

 

⇐ Previous Next

Read 337 times