Entertainment

Tekkatho Phone Naing Books Collection

Tekkatho Phone Naing Books Collection

 

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်သည် ၁၉၃၀ ခုနှစ်တွင် ရန်ကုန်တိုင်း၊ သန်လျင်မြို့မှာ မွေးဖွားခဲ့ပြီး ငယ်အမည် မောင်ဖေသိန်း၊ အမည်ရင်းမှာ ဦးခင်မောင်တင့် ဖြစ်ပါတယ်။ ဆရာကြီးသည် ၁၉၄၈ ခုနှစ်မှာ ပေါင်တည်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်တွင် စိတ်ပညာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ရရှိခဲ့ပါတယ်။ ပြီးနောက် ၁၉၅၉-၆၁ ခုနှစ်တို့မှာ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကိုလံဘီယာ တက္ကသိုလ် ဘွဲ့လွန် မဟာဌာနမှ မဟာ ဝိဇ္ဇာဘွဲ့ကို ဆည်းပူးအောင်မြင်ခဲ့ပါတယ်။ 

 

ဆရာကြီးသည် ၁၉၄၉ ခုနှစ်တွင် ရှုမဝမဂ္ဂဇင်းပါ "ဒွိဟ" ကဗျာဖြင့် စာပေနယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ တစ်ဖက်မှာ စာရေးသလို တစ်ဖက်မှာလည်း တက္ကသိုလ်ဆရာအဖြစ်၊ ကျောင်းအုပ်ကြီးအဖြစ်၊ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ မော်လမြိုင်တက္ကသိုလ်တွင် ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၈ အရေးအခင်းမှာ စစ်မှန်သော ဒီမိုကရေစီကို တောင်းဆိုရာတွင် ပါဝင်ခဲ့မှုကြောင့် စစ်အာဏာပိုင်များက အငြိမ်းစားပေးခြင်းခံခဲ့ရပါတယ်။ 

 

ဆရာကြီးသည် ၀တ္ထုရှည်/၀တ္ထုတိုတွေကို အဖွဲ့အနွဲ့ကောင်းကောင်းနဲ့ အရေးအသားပြောင်မြောက်အောင် ဖန်တီးနိုင်သလို ဇာတ်ညွှန်း၊ သီချင်းနဲ့ အတွေးအမြင် စာတမ်းတွေကိုလည်း ရေးသားခဲ့ပါတယ်။ အတွေးကောင်း၊ အပြောကောင်း၊ အရေးကောင်းတဲ့ ဆရာကြီးဟာ ၂ဝဝ၂ ခုနှစ်၊ မေလ ၁ဝ ရက်နေ့တွင် သန်လျင်မြို့မှာ ကွန်လွန်ခဲ့ပါတယ်။

 

ဆရာကြီးသည် တစ်ခေတ်တစ်ခါက အထက်တန်းကျောင်းသား ကျောင်းသူတွေ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေနဲ့ လူလတ်ပိုင်းအရွယ်တွေရဲ့ အသဲစွဲ အချစ်ဝတ္ထုတွေကို ရေးသားသူအဖြစ် အထူးထင်ရှား  ကျော်ကြားခဲ့သူဖြစ်ပါတယ်။ 

 

ဆရာကြီးဟာ စိတ်ပညာဆိုင်ရာ၊ လူမှုဘဝဆိုင်ရာ၊ အချစ်ဒဿနဆိုင်ရာ ကိုယ်ပိုင်ခံယူချက်၊ အတွေးအခေါ်တွေကို ထည့်သွင်းရေးသားလေ့ရှိတာကြောင့် ဆရာကြီးရဲ့ စာတွေဟာ ယနေ့ထိတိုင် စာပေဝါသနာရှင်တွေကြား ရှင်သန်နေဆဲ၊ ထုတ်ဝေနေရဆဲ၊ သုံးသပ်နေကြဆဲ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ ၀တ္ထုတွေကို ရုပ်ရှင်ပြန်ရိုက်ထားတာမျိုးရှိသလို နိုင်ငံခြားဘာသာသို့ ပြန်ဆိုထားတဲ့စာအုပ်တွေလည်း ရှိပါတယ်။ 

 

နိုင်ငံခြားဘာသာသို့ ပြန်ဆိုခြင်းခံရတဲ့စာအုပ်များ

သူ့ကျွန်မခံပြီ (ရုရှားဘာသာ)

မုန်းရစ်လေဦး (ဟင်ဒီဘာသာ)

စွန့်ခွာရသည့်နွေညများ (တရုတ်ဘာသာ)

မိုးညအိပ်မက်မြူ (ဂျပန်ပြည်၊ အိုဆာကာ တက္ကသိုလ်၊ မြန်မာစာဌာန၊ ပြဋ္ဌာန်းစာအုပ်)

သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် (ဟင်ဒီဘာသာ)

 

ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ဝတ္ထုများ

သူ့ကျွန်မခံပြီ

ညီမလေးရယ် စိုးရိမ်မိတယ်

လွမ်း

တန်ခူးလေနှင့်လျောတော့သည်(မွှေးလွန်းသောပန်း)

ရေပင်လယ်နှင့် ငွေစင်ကြယ်

မိုးညအိပ်မက်မြူ

မုန်းရစ်လေဦး

နွေကန္တာဦး

သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင်

တပြည်သူ မရွှေထား

 

ဆရာကြီးရဲ့ ထင်ရှားကျော်ကြားတဲ့ ဝတ္ထုရှည်/တိုများ စုစည်းမှု 

၁။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် (ဝတ္ထုရှည်) 

https://www.facebook.com/

၂။ တပြည်သူမရွှေထား (ဝတ္ထုရှည်) 

https://www.facebook.com/

၃။ နွေကန္တာဦး (ဝတ္ထုရှည်) 

https://m.facebook.com/story.php?

၄။ ဝသန်လေချိန်မှန်ကူး (ဝတ္ထုရှည်- နွေကန္တာဦး အဆက်)

https://m.facebook.com/story.php?

၅။ ဦးကြီးဘထိုက်(သို့မဟုတ်) မိုးနှင့် မြေကိုအောင်နိုင်ခြင်း (ဝတ္ထုရှည်) 

https://m.facebook.com

၆။ ချစ်သော ဤကမ္ဘာ (ဝတ္ထုရှည်) 

https://www.facebook.com

၇။ သူ့ကျွန်မခံပြီ (ဝတ္ထုရှည်) 

https://www.facebook.com

၈။ ချစ်သူ့အိမ်အမိုးနောက်မှာ လပျောက်ခဲ့ခြင်း (ဝတ္ထုရှည်)

https://m.facebook.com/story.php?

၉။ မောင့်ဘဝ ညအလားကွယ် 

https://www.facebook.com/

၁၀။ လေရူးသည် စာမတတ်ပါ

https://www.facebook.com/

၁၁။ စွန့်ခွာရသည့်နွေညများ 

https://www.facebook.com/

၁၂။ မိုးညအိပ်မက်ဖြူ (ဝတ္ထုရှည်) 

https://m.facebook.com/story.php?

၁၃။ နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည် (ဝတ္ထုရှည်)

https://m.facebook.com/story

၁၄။ စိမ်းနေဦးမည့် ကျွန်တော့်မြေ (ဝတ္ထုရှည်)

https://m.facebook.com/story.php?

၁၅။ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်(ဝတ္ထုရှည်)

https://m.facebook.com/story.php?

၁၆။ မုန်းရစ်လေဦး (ဝတ္ထုရှည်)

https://m.facebook.com/story.php?

၁၇။ နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည်(ဝတ္ထုရှည်)

https://m.facebook.com/groups

၁၈။ ကိုယ့်အလှ ဘဝငွေလမင်း  (ဝတ္ထုရှည်)

https://www.facebook.com

၁၉။ မိုးတွေရွာမှဖြင့်လျှင်ကွယ် (ဝတ္ထုရှည်) 

https://www.facebook.com/

၂၀။ လွမ်းပါလေရစ် သည်သောင်ငွေဦး 

https://m.facebook.com/story.php?

၂၁။ သာ၍ဝေးရာဆီကိုပါ 

https://www.facebook.com

၂၂။ ညနက်နက်မှာ လထွက်ခြင်း 

https://www.facebook.com

၂၃။ ပိတောက်ပွင့်ဆဲ လသာဆဲဝယ်

https://m.facebook.com

၂၄။ နှင်းငွေတထောင့် မိုးတမှောင့်

https://m.facebook.com/story.php?

၂၅။ လွမ်းတေးမဆုံးစေနဲ့စောသခင်

https://m.facebook.com/story.php?

၂၆။ နှင်းရက်ကြွေစော 

https://m.facebook.com/story.php?

၂၇။ လွမ်း 

https://m.facebook.com/story

၂၈။ မေတ္တာများနှင့် စိန်ပန်းနီနီ 

https://m.facebook.com/story.php

၂၉။ မျက်ရည်လောကများ၏ ဟိုမှာဘက် 

https://www.facebook.com

၃၀။ ညီမလေးရယ် စိုးရိမ်မိတယ် 

https://m.facebook.com/story.php?

၃၁။ ဤမြေမှသည်

https://www.facebook.com

၃၂။ ပိတောက်နှင့်ကြိုပါမည်မာရီယာ

https://www.facebook.com/

၃၃။ သဇင်ခင်းသည့် ချစ်ခြင်းမွေ့စက်ရာ 

https://www.facebook.com

၃၄။ ထီးရိပ်ခိုဖူးသောမိန်ခလေး

https://www.facebook.com

၃၅။ မလွမ်းသာသည်

https://www.facebook.com

၃၆။ ပိတောက်ဦးကို ပန်ဖူးသူ

https://m.facebook.com/story.php?

၃၇။ စစ်နှင့်လူသား

https://www.facebook.com

၃၈။ မြေခရွက်ဝါ (ပ /ဒု) 

https://m.facebook.com/story.php?

၃၉။ ထဘီမို့ ပုဆိုးဝတ်ပေးပါသည်

https://www.facebook.com/

၄၀။ ဖယောင်းတိုင်

https://m.facebook.com/story

၄၁။ ကဆုန်အထိ လိုက်ပွင့်သည့်ပိတောက် (ပထမပိုင်း)

https://www.facebook.com

၄၂။ ကဆုန်အထိ လိုက်ပွင့်သည့်ပိတောက် (ဒုတိယပိုင်း)

https://www.facebook.com

၄၃။ ကြိုင်ပါလေရော့ ကိုယ့်ပန်းစံပယ်

https://m.facebook.com/story.php?

၄၄။ သမိုင်းလှလွန်းသည့် စာတပုဒ်

https://m.facebook.com/story.php?

၄၅။ တက္ကသိုလ်၏ညတည

https://www.facebook.com

၄၆။ လရောင်နှင့် အရိပ်

https://www.facebook.com

၄၇။ ဘဝ၏သရုပ်

https://www.facebook.coml

၄၈။ မလွတ်သာပြီ

https://www.facebook.com

၄၉။ ဝေးပါပေါ့ကွယ်

https://www.facebook.com

၅၀။ ပျိုးသူ

https://www.facebook.com

၅၁။ သေမင်းမျဉ်းပြိုင်

https://www.facebook.com/

 

"ငါ့စာဖတ်၍ မမြတ်တိုင်စေ၊ မရှုံးစေသား" ဆိုပြီး ဆရာကြီး ပြောခဲ့တဲ့စကားအတိုင်း ဆရာဘုန်းစာတွေ ဖတ်ရတာဟာ ဖတ်မိသူရင်ထဲမှာ တွေးစရာတွေ၊ သိစရာတွေ များစွာ ထင်ကျန်ရစ်စေပါတယ်။ 

 

⇐ Previous

Read 238 times