Technology

Free Online Courses for Digital Marketing

Free Online Courses for Digital Marketing

Digital Marketing ဆိုတာ အခုခေတ်မှာ လုပ်ငန်းတစ်ခု တိုးတက်အောင်မြင်ဖို့ မရှိမဖြစ် အရေးပါတဲ့ ထောက်တိုင်တစ်ခုဖြစ်ပါတယ်။ ကိုယ်ရဲ့လုပ်ငန်းက စျေးကွက်မှာ နာမည်တစ်ခုရဖို့နဲ့ လူသိများဖို့ဆိုရင် Digital Marketing က လိုကိုလိုပါတယ်။ ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းများတဲ့ Digital Marketing ပိုင်းကို လူငယ်တွေတော်တော်များများ စိတ်ဝင်စားလာကြပါတယ်။ 

 

ကိုယ့်လုပ်ငန်းအတွက် Digital Marketing အကြောင်းကို လေ့လာချင်တာဖြစ်ဖြစ်၊ ကိုယ်က Digital Marketer တစ်ယောက်အနေနဲ့ Career တစ်ခုစချင်တာဖြစ်အဖြစ် အသုံးဝင်တဲ့ Free Course တွေကို မျှဝေပေးသွားပါမယ်။

 

ကုန်ကျစရိတ်လည်းမရှိသလို အလုပ်အကိုင်လည်း ပျက်စရာမလိုတဲ့ အွန်လိုင်းသန်ခန်းစာလေးတွေဖြစ်တဲ့အတွက် တစ်ရက်ကို တစ်နာရီလောက်အချိန်ပေးပြီး လေ့လာရင်တောင် အကျိုးရှိစေမှာ အသေချာပါ။   

 

၁။ LinkedIn Learning

ပထမဆုံးကတော့ LinkedIn Learning မှာ လုပ်ငန်းပိုင်းကျွမ်းကျင်သူတွေ ဦးဆောင်သင်ကြားပေးနေတဲ့ "Master Digital Marketing" ဆိုတဲ့ Course ပါ။ သူ့မှာ အပိုင်း (၉) ပိုင်းပါဝင်ပြီး Digital Marketing ဆိုတာနဲ့ သိကိုသိရမယ့် Social Media Marketing၊  Augmented Reality Marketing နဲ့ SEO Keyword Strategy တွေအကြောင်း လေ့လာလို့ရပါတယ်။ 

>> https://www.linkedin.com/learning/paths/master-digital-marketing

 

၂။ Google Digital Garage

နောက်တစ်ခုကတော့ Google က Free ပေးတဲ့ နာရီ (၄၀) စာ "Fundamentals of Digital Marketing" ဆိုတဲ့ Course ပါ။ သင်ခန်းစာပေါင်း (၂၀) ကျော် ပါဝင်ပြီး Digital Marketing နဲ့ ပက်သတ်တဲ့ အခြေခံအချက်တွေ၊ အွန်လိုင်းပေါ်မှာ ဘယ်လိုစျေးရောင်းရမလဲ၊ ဘယ်လိုကြော်ငြာရမလဲဆိုတာနဲ့ Google Ads တွေအကြောင်းကို လေ့လာနိုင်မှာပါ။ 

>> https://skillshop.exceedlms.com/student/collection/654330-digital-marketing?locale=en-GB

 
၃။ PPC University

PPC University မှာ Digital Marketing နဲ့ ဆက်နွယ်နေတဲ့ Google Ads တွေ၊ Facebook Ads တွေ၊ Pay-Per-Click Advertising တွေ အကြောင်းကို လေ့လာသင်ယူနိုင်ပါတယ်။ Digital Marketing တစ်ခုလုံးကို ခြုံငုံထားတဲ့ Course မျိုးမဟုတ်ပေမဲ့ Digital Marketing Skill တစ်ခုအနေနဲ့ လိုအပ်တာမို့ ဖော်ပြပေးလိုက်ပါတယ်။ 

>> https://www.wordstream.com/learn


၄။ HubSpot Academy

နောက်ထပ် Digital Marketing ကို Free လေ့လာလို့ရမယ့် Learning Paltform ကတော့ HubSpot Academy ပါ။ သူ့မှာ Digital Marketing ကို Beginner ကနေ Advanced Level အထိ လေ့လာလို့ရမယ့် Couese တွေ များစွာရှိပါတယ်။ Social Media Marketing၊ Email Marketing၊ Content Marketing၊ SEO Strategy နဲ့ Marketing Design တွေအထိပါ လေ့လာလို့ရပါတယ်။ Digital Marketing အပြင် Sales၊ Customer Sevice၊ Webdevelopment နဲ့ Data Privacy ပိုင်းတွေကိုလည်း စိတ်ဝင်စားရင် လေ့လာလို့ရပါတယ်။ 

>> https://academy.hubspot.com/courses/marketing 

 

၅။ Meta

Facebook ရဲ့ Meta Blueprint ကနေတဆင့် အခမဲ့ပေးတဲ့ Digital Marketing Course တွေကိုလည်း ကျော်သွားလို့မရပါဘူး။ သူ့မှာ Social Media Marketing၊ Media Planning၊ Media Buying၊ Marketing Science စတဲ့ အဖိုးတန် Course တွေကို လေ့လာလို့ရပါတယ်။ Level အလိုက် သင်ယူနိုင်တဲ့ Course တွေရှိတာကြောင့် Digital Marketing ကို အခုမှ စလေ့လာမယ့်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ 

>> https://www.facebook.com/business/learn/certification

 

၆။ Content Marketing Institute 

Digital Marketing ပိုင်းကိုပြောရင် Content Marketing ပိုင်းကိုလည်း ချန်ခဲ့လို့ မဖြစ်ဘူးလေ။ တချို့ဆို Content Writing ပိုင်းကို သီးသန့်လုပ်တဲ့သူတွေရှိတာမို့ Content Marketing နဲ့ Content Writing ပိုင်းကို လေ့လာချင်တဲ့သူတွေအတွက် Content Marketing Institute ကို သိရပါမယ်။ သူ့ဆီမှာ Content Ideas၊ Content Creation၊ Content Strategy၊ Content Delivery စတာတွေနဲ့ သက်ဆိုင်တဲ့ Course တွေကို လေ့လာနိုင်ပါတယ်။ 

>> https://contentmarketinginstitute.com/

 

၇။ Class Central

Class Central ကတော့ Coursea၊ Udemy၊ edx တို့လို နာမည်ကြီး Learning Platform တွေက Free Course တွေကို တစ်စုတစ်စည်းတည်း တွေ့ရမယ့် Website ပါ။ ကိုယ်လေ့လာချင်တဲ့ Subjects ကို Filter ခံပြီး လေ့လာနိုင်တဲ့အတွက် Digital Marketing အပြင် Data Science၊ Business Management၊ Art & Design၊ Programming၊ Engineering စတဲ့ ပညာရပ်နယ်ပယ်တွေကိုပါ သင်ယူနိုင်ပါတယ်။  

>> https://www.classcentral.com/subject/digital-marketing 

 

⇐ Previous Next

Read 692 times