Food & Drink

Copi Cafe’

Copi Cafe’

 

Barista ကိုကြီး ဖျော်ပေးတဲ့ ကော်ဖီချည်းပဲ သောက်နေရတာ ရိုးနေပြီလား? ကိုယ်တိုင် ‌Barista ဝင်လုပ်ပြီး ကိုယ့်လက်ရာကို မြည်းစမ်းကြည့်ချင်လား? ဒါဆိုရင်တော့ ရန်ကုန်မြို့က ကော်ဖီဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကော်ဖီချစ်သူတွေတွက် အေးဆေးထိုင်နိုင်မယ့်ဆိုင်လေးဖြစ်တဲ့အပြင် Barista တစ်ယောက်အနေနဲ့ ရပ်တည်ချင်တဲ့သူတွေအတွက်လည်း လက်တွေ့လေ့ကျင့်လို့ရမယ့် နေရာလေးတစ်ခုပါ။

 

 

ဆိုင်နာမည်လေးက Copi Cafe’ လို့ခေါ်ပါတယ်။ ဖွင့်ထားတာတော့ (၃) လလောက်ပဲ ရှိပါဦးမယ်။ ဒီဆိုင်လေးရဲ့ ထူးခြားချက်ကတော့ ကိုယ်ကိုယ်တိုင် Barista တစ်ယောက်အနေနဲ့ ကော်ဖီတစ်ခွက်ကို ကော်ဖီစက်ကြီး အသုံးပြုပြီး ဖျော်စပ်နိုင်တာပဲဖြစ်ပါတယ်။ ချစ်ရသူနဲ့ အတူသွားမယ်ဆိုရင် ကိုယ်ကိုယ်တိုင် ဖျော်ပေးထားတဲ့ ကော်ဖီလက်ရာလေးကို မြည်းစမ်းခိုင်းပြီး Romantic ဆန်ဆန်လေး ဒိတ်လို့ရပါသေးတယ်။ 

 

 

Copi Cafe မီနူးထဲကနေ ဘယ် Coffee အမျိုးအစားကိုမဆို ကိုယ်တိုင်ဖျော်စပ်လို့ရပါတယ်။ ကော်ဖီစေ့လှော်ပြီး ကြိတ်တာကအစ အရသာရှိတဲ့ ကော်ဖီတစ်ခွက်ရတဲ့အထိ ကိုယ်ကိုယ်တိုင်ပဲ စိတ်ကြိုက်ပြုလုပ်ရမှာဖြစ်ပါတယ်။ ကိုယ်ရွေးချယ်ထားတဲ့ ကော်ဖီစျေးနှုန်းကိုသာ ရှင်းရမှာဖြစ်ပြီး ကော်ဖီစက်တွေ အသုံးပြုခွင့်ကတော့ အခမဲ့ပါ။ ဒါကြောင့် Barista ပိုင်း လက်မှတ်ရရှိထားပြီး လက်တွေ့လေ့ကျင့်ချင်တဲ့သူတွေအတွက်လည်း ကော်ဖီစက်ကြီးတွေကို အခမဲ့အသုံးပြုခွင့်ပေးထားတာကြောင့် အသုံးဝင်တဲ့နေရာလေးဖြစ်မှာပါ။ 

 

 

နောက်ပြီး ဆိုင်လေးက Decoration လည်း လှတဲ့အတွက်ကြောင့် ဓာတ်ဖမ်းချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။  ဆိုင်မှာ ဘော်ဒါတွေနဲ့ အတူထိုင်ရင်း အပျော်တမ်းကစားလို့ရမယ့် Uno တို့၊ Domino တို့လည်း ထားပေးထားပါတယ်။ အလွမ်းဓာတ်ခံလေးရှိလို့ ကော်ဖီဆိုင်ထိုင်ရင်း စာအုပ်ဖတ်ချင်တာဆိုလည်း စာအုပ်လေးတွေ ရှိပါတယ်။ ကော်ဖီကို ကိုယ်တိုင် မဖျော်ဘဲ ဆိုင်က Barista ဖျော်တာပဲ သောက်မယ်ဆိုရင်လည်း ရပါတယ်နော်။ 

 

May be an image of book and text

 

ဆိုင်မှာ ကော်ဖီမီနူးတွေအပြင် စားစရာတွေလည်း ရပါတယ်။ သောက်စရာအနေနဲ့ Copi Siganature Coffee အမျိုးအစား (၄) မျိုး၊ Expresso၊ Americano၊ Cappuccino၊ Latte၊ Mocha တို့အပြင် Thai Tea၊ Green Tea တို့လည်း ရပါတယ်။ ဒါ့အပြင် Frappe၊ Smoothies၊ Milkshake၊ Soda၊ Fruit Juice နဲ့ Soft Drinks တွေလည်း ရှိပါတယ်။ 

 

စားစရာအနေနဲ့ Appetizer မှာဆို ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ဆန်းဝှစ်ချ်၊ ကြက်တောင်ပံကြော်၊ ဖက်ထုပ်ကြော်၊ ပုဇွန်တန်ပူရာ၊ အာလူးချောင်းကြော်တို့ ရပါတယ်။ Main Course အနေနဲ့ မာလာရှမ်းကော၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲပြုတ်တို့နဲ့ Copi ရဲ့ Signature Hot Plate Rice မီနူးတွေကိုလည်း သုံးဆောင်နိုင်ပါတယ်။ စျေးနှုန်းလေးတွေကတော့ မီနူးပေါ်မူတည်ပြီး ၂,၀၀၀ ကနေ ၁၀,၀၀၀ ကျပ်ကြားမှာ ရှိပါတယ်။ 

 

လိပ်စာ - အမှတ် ၁၅၆၊ ကမ္ဘာအေးဘုရားအနီး၊ ရေစက်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။

ဖုန်း - 09943000058

 

⇐ Previous Next

Read 602 times