Nothing CMF Phone 1 ကို မြန်မာငွေ ၉၉,၀၀၀ ကျပ်နဲ့ ဝယ်နိုင်မယ် ဆိုတာ ဟုတ်သလား?
ထူးထူးခြားခြားတွေကို လုပ်ပြပြီး စမတ်ဖုန်းနဲ့ Gadget လောကထဲ ဝင်ရောက်လာတဲ့ Nothing က အခု ရန်ကုန်သူ ရန်ကုန်သားတို့ကို ထူးထူးခြားခြား ပရိုမိုရှင်းလေး ဆင်းလာကြောင်း MY Yangon က ပြန်လည်မျှဝေလိုက်ပါတယ်။
Nothing ရဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး Official Flagship Store ကို City Mall (St.John) Level-(1) မှာ နိုဝင်ဘာ ၂၈ ကျရင် စတင်ဖွင့်လှစ်တော့မှာပါ။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး Nothing Official Flagship Store ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အနေဖြင့် “Grand Opening” အခမ်းအနားကြီးကို နိုဝင်ဘာလ (28, 29, 30) ရက်နေ့၊ City Mall (St.John) Level-(1) ရှိ Nothing Official Flagship Store တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး Nothing Accessories တွေကို ဝယ်ယူလျှင် 20% Discount (Limited Stock) အနေဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် အမိုက်စား ပရိုမိုးရှင်းလေးတစ်ခုအနေနဲ့ နိုဝင်ဘာ ၂၈ မှာ Nothing Phone (သို့မဟုတ်) Nothing By CMF Phone ဝယ်ယူသူ ပထမဆုံး အယောက် (150) အတွက်ကို Add On အနေဖြင့် CMF Phone 1 (8/128GB) - 99,000Ks / CMF Phone 1 (8/256GB) - 199,000Ks အထူးဈေးနှုန်းဖြင့် Customer တစ်ဦးလျှင် တစ်လုံးစီ ထပ်မံ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Add On မရရှိလိုက်သော လူကြီးမင်းများအတွက် Nothing နှင့် CMF Phone များကို 20% Discount ဖြင့် ဝယ်ယူရရှိနိုင်မှာပါ။

ဒီတော့ မိတ်ဆွေက Nothing ဖုန်းနဲ့ Gadget တွေကို သဘောကျတဲ့သူပဲဖြစ်ဖြစ်၊ စမတ်ဖုန်းလောကထဲက အသစ်အဆန်းတွေကို စိတ်ဝင်စားလို့ပဲ ဖြစ်ဖြစ် လျှော့ဈေး ပရိုမိုးရှင်းတွေနဲ့ ကျင်းပပြုလုပ်မဲ့ Nothing Official Flagship Store ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အနေဖြင့် “Grand Opening” အခမ်းအနားကြီးကို သွားရောက်နိုင်ပါကြောင်း MY Yangon က သတင်းပါးလိုက်ပါတယ်နော်။
Read 127 times