Health & Beauty

Myanmar Beauty Expo

Myanmar Beauty Expo

“နိုင်ငံတကာ အလှအပ နည်းပညာများ စုစည်းပြသသွားမဲ့ Myanmar Beauty Expo ပြပွဲကြီး”

MY Yangon Guide ကနေပြီး လှပြီးရင်း လှနေချင်သူ အလှတစ်လိုင်းလေးတို့အတွက် နိုင်ငံတကာ အလှအပ နည်းပညာများ စုစည်းပြသသွားမဲ့ Myanmar Beauty Expo ပြပွဲကြီးအကြောင်းကို ပြန်လည်မျှဝေလိုက်ပါတယ်။

ဟုတ်ပါတယ် … မြန်မာနိုင်ငံရဲ့ အကြီးဆုံးသော အလှအပနှင့် ကျန်းမာရေးဆိုင်ရာ Myanmar Beauty Expo ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှ ၉ ရက်အထိ ရန်ကုန်မြို့ Yangon Convention Centre (YCC) မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ Myanmar Beauty Expo မှာ ပြပွဲအတွင်း ဆိုင်ခန်းပေါင်း ၁၀၀ နီးပါး ပါဝင်ပြသသွားမှာဖြစ်ပြီး Skincare, Cosmetic, Medical Aesthetic, Anti-aging, Haircare, Salon, Spa, Wellness ကဏ္ဍများမှ နောက်ဆုံးပေါ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တစ်ပြိုင်နက်တည်း၊ တစ်နေရာတည်းမှာ ပြသသွားမှာပါ။

 Yadanar My နှင့် Vita Min

ဒါ့အပြင် အထူးအစီအစဉ်အနေဖြင့် အနုပညာရှင် Yadanar My (ရတနာမိုင်) က နိုဝင်ဘာ ၇ ရက်နေ့နှင့် Vita Min က နိုဝင်ဘာ ၉ ရက်နေ့တွင် ပရိသတ်များနှင့် တွေ့ဆုံကာ ဖျော်ဖြေတင်ဆက်မှုများ၊ အလှအပဆိုင်ရာ အကြံပြုချက်များကို ဖလှယ်ပေးသွားမှာဖြစ်ပါတယ်။

အလှအပချစ်သူများရော၊ လှပမှုတရားကို တန်ဖိုးထား စိတ်ဝင်စားသူများပါ သဘောကျမဲ့ Event တစ်ခုဖြစ်မှာ သေချာနေပါပြီ။ Myanmar Beauty Expo ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်တွေ၊ ပျော်ရွှင်စရာအစီအစဉ်တွေနဲ့ ပြည့်နှက်နေတဲ့ ပွဲတော်တစ်ခုဖြစ်လို့ လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အလှအပကို စိတ်ဝင်စားသူတိုင်း ဘယ်သူမဆို လက်လွတ်မခံသင့်တဲ့ Event ဖြစ်ကြောင်း MY Yangon Guide က ပြန်လည်မျှဝေလိုက်ပါတယ်။

 Myanmar Beauty Expo

· ပြပွဲအမည် - Myanmar Beauty Expo

· ကျင်းပမည့်ရက် - ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အထိ

· ကျင်းပမည့်နေရာ - Yangon Convention Centre (YCC)၊ ရန်ကုန်မြို့။

ရန်ကုန်မြို့က အလှအပနဲ့ Skincare, Cosmetic, Medical Aesthetic, Anti-aging, Haircare, Salon, Spa, Wellness ဆိုင်ရာ လုပ်ငန်းများအကြောင်းကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်တာ MY Yangon Guide ရဲ့ မိခင် Yangon Directory Website ( https://www.yangondirectory.com/ ) ဖြစ်ပါတယ်။

 Myanmar Beauty Expo

 

 

⇐ Previous Next

Read 274 times