Entertainment

J Cineplex အဆင့်မြင့်ရုပ်ရှင်ရုံများမှာ (၉.၁.၂၀၂၆) မှ (၁၅.၁.၂၀၂၆) ထိ ရုံတင်ပြသမည့်ဇာတ်ကားများ

Movies Showing at J Cineplex Premium Cinemas (Jan 9, 2026 – Jan 15, 2026)

ဒီတစ်ပတ် J Cineplex အဆင့်မြင့်ရုပ်ရှင်ရုံများမှာ မြန်မာကားသစ် ၂ ကား (လိပ်ပြာခွဲချိန် နှင့် နယူးအော်လံ) တို့ ရုံဝင်ပြီး  နိုင်ငံခြားဇာတ်ကားသစ် ၁ ကား (The Raja Saab) ရုံဝင်ခဲ့ပါတယ်။ ပြသဆဲ လူကြိုက်များတဲ့ မြန်မာနှင့် နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားများကိုလည်း ဆက်လက်ပြသလျက် ရှိပါတယ်။

 

လိပ်ပြာခွဲချိန်’ ရုပ်ရှင်ဟာ စာရေးဆရာမဂျူလီယာမြင့်သိန်းရဲ့ နာမည်ကျော်ဝတ္ထု ဖြည်ရန်ကျန်သောဆက်ထုံးများ ကို ပုံဖော်ရိုက်ကူးထားပြီး ဇာတ်ညွှန်းက မိုးနီလွင်၊ ဒါရိုက်တာမီးပွား ဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် အလင်းရောင်၊ ရဲရင့်သော်၊ ခင်ဝင့်ဝါ၊ ဖူးစုံ၊ မေတိုးခိုင်၊ ဖုန်းသီရိကျော်၊ သံသာညီ၊ စိုးမိုးကြည်တို့မှ အဓိက ပါဝင်ပါတယ်။ ‘နယူးအော်လံ’ ရုပ်ရှင်ကတော့ ဟာသကားနှစ်သက်သူတို့ အကြိုက်တွေ့မှာဖြစ်ပြီး သရုပ်ဆောင်များအဖြစ် တိုင်ရွန်၊ နေဝင်း၊ စိုးမြတ်သူဇာ၊ ခြူးလေး၊ နော်ဖောအယ်ထား၊ ခင်လှိုင်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းကိုစိုး (နတ်သံကွင်း) ရဲ့ ဇာတ်လမ်း၊ဇာတ်ညွန်းကို သက်ဦးမောင်က မွမ်းမံထားပြီး ဒါရိုက်တာက ကိုဇော်(အရုဏ်ဦး) ဖြစ်ပါတယ်။ The Raja Saab ဇာတ်ကားထဲမှာ Prabhas က ငွေကြေးအခက်အခဲကြောင့် သူ့ရဲ့ ဘိုးဘွားပိုင် အိမ်ကြီး (Ancestral Mansion) ကို ရောင်းဖို့ ကြိုးစားတဲ့ လူငယ်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ အဲဒီအိမ်ကြီးထဲမှာ သူ့အဘိုးဖြစ်သူ (Sanjay Dutt) ရဲ့ ဝိညာဉ်က ခြောက်လှန့်နေပြီး အဲဒီနောက်ပိုင်းမှာ ဖြစ်ပေါ်လာမဲ့ ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်တွေ၊ ဟာသတွေနဲ့ အက်ရှင်တွေကို တွေ့မြင်ရမှာပါ။

 

J Cineplex အဆင့်မြင့်ရုပ်ရှင်ရုံများမှာ (၉.၁.၂၀၂၆) မှ (၁၅.၁.၂၀၂၆) ထိ ရုံတင်ပြသမည့်ဇာတ်ကားများ -

လိပ်ပြာခွဲချိန်

နယူးအော်လံ

The Raja Saab

မြစ်လက်တက်ပေမဲ့ ရေစီးကြမ်းတယ်

အနှစ်

Kogaloak Village

Anaconda

The Bride တို့ ဖြစ်ပါတယ်။

                                                                                                

MY Yangon Guide ကနေ ဒီတစ်ပတ်ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို တင်ဆက်ပေးလိုက်ပါပြီနော်။ Yangoners တို့ စိတ်လက်အပန်းပြေဖို့ ဒီတစ်ပတ် ဘယ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ တွေးထားသလဲ။ ပြသမဲ့ ဇာတ်ကားများရဲ့ ပွဲချိန်အသေးစိတ်ကို  https://t.me/jcineplex  မှာ ဝင်ရောက် ကြည့်ရှုလိုက်ပါနော် ...

 

ရုပ်ရှင်ရုံများရဲ့နေရာအတိအကျကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်တာ MY Yangon Guide ရဲ့ မိခင် Yangon Directory Website ( https://www.yangondirectory.com/ ) ဖြစ်ပါတယ်။

 

Movies Showing at J Cineplex Premium Cinemas (Jan 9, 2026 – Jan 15, 2026)

 

Movies Showing at J Cineplex Premium Cinemas (Jan 9, 2026 – Jan 15, 2026)

 

Movies Showing at J Cineplex Premium Cinemas (Jan 9, 2026 – Jan 15, 2026)

⇐ Previous Next

Read 104 times