Entertainment

မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံများမှာ (၉.၁.၂၀၂၆) မှ (၁၅.၁.၂၀၂၆) ထိ ရုံတင်ပြသမည့်ဇာတ်ကားများ နှင့်ပွဲချိန်များ

Movies and Showtimes at Mingalar Cinemas (Jan 9, 2026 – Jan 15, 2026)

ဒီတစ်ပတ် မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံများမှာ မြန်မာကားသစ် ၂ ကား (လိပ်ပြာခွဲချိန် နှင့် နယူးအော်လံ) တို့ ရုံဝင်ပြီး နိုင်ငံခြားဇာတ်ကားသစ် ၁ ကား (The Raja Saab) ကား ရုံဝင်ခဲ့ပါတယ်။ ပြသဆဲ လူကြိုက်များတဲ့ ရုပ်ရှင်ဇာတ်ကားများကိုလည်း ဆက်လက်ပြသလျက် ရှိပါတယ်။

 

‘လိပ်ပြာခွဲချိန်’ ရုပ်ရှင်က စာရေးဆရာမဂျူလီယာမြင့်သိန်းရဲ့ နာမည်ကျော်ဝတ္ထု ဖြည်ရန်ကျန်သောဆက်ထုံးများ ကို ပုံဖော်ရိုက်ကူးထားပြီး ဇာတ်ညွှန်းက မိုးနီလွင်၊ ဒါရိုက်တာမီးပွား ဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် အလင်းရောင်၊ ရဲရင့်သော်၊ ခင်ဝင့်ဝါ၊ ဖူးစုံ၊ မေတိုးခိုင်၊ ဖုန်းသီရိကျော်၊ သံသာညီ၊ စိုးမိုးကြည်တို့မှ အဓိက ပါဝင်ပါတယ်။ 'နယူးအော်လံ' ကတော့ ရုပ်ရှင်ရုံထဲမှာ သူငယ်ချင်းများနဲ့အတူ ရယ်မောပျော်ရွှင်စွာ ကြည့်နိုင်မဲ့ ဇာတ်ကားပါ။ သရုပ်ဆောင်များအဖြစ် တိုင်ရွန်၊ နေဝင်း၊ စိုးမြတ်သူဇာ၊ ခြူးလေး၊ နော်ဖောအယ်ထား၊ ခင်လှိုင်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာက ကိုဇော်(အရုဏ်ဦး) ဖြစ်ပြီး မင်းကိုစိုး (နတ်သံကွင်း) ရဲ့ ဇာတ်လမ်း၊ဇာတ်ညွန်းကို သက်ဦးမောင်က မွမ်းမံထားပါတယ်။ The Raja Saab ဇာတ်ကားကတော့ အာဏာနဲ့ ရိုးရာဓလေ့တွေရဲ့ ရှုပ်ထွေးတဲ့ ကမ္ဘာကို ဖြတ်သန်းရမယ့် ငယ်ရွယ်တဲ့ အမွေဆက်ခံသူ လူငယ်တစ်ယောက်။ သူဟာ ဘိုးဘွားပိုင်အိမ်ကြီးကို အုပ်ချုပ်မှုကာလအတွင်းမှာ ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်တွေကို ကြုံရလေသောအခါ … ဟာသနဲ့ ထိတ်လန့်စရာပေါင်းစပ်ပြီးကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်လာပါတယ်။

 

မင်္ဂလာရုပ်ရှင်ရုံများတွင် (၉.၁.၂၀၂၆) မှ (၁၅.၁.၂၀၂၆) ထိ ရုံတင်ပြသမည့် ဇာတ်ကားများကတော့ -

လိပ်ပြာခွဲချိန်

နယူးအော်လံ  

မြစ်လက်တက်ပေမဲ့ရေစီးကကြမ်းတယ်

အနှစ်

မောင့်မိဖုရား

ပန်းမြိုင်လယ်မှဥယျာဉ်မှူး

နတ်ဝင်သည် 

The Raja Saab

koGaLoakVillage

Anaconda တို့ ဖြစ်ပါတယ်။

 

MY Yangon Guide ကနေ ဒီတစ်ပတ်ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို တင်ဆက်ပေးလိုက်ပါပြီနော်။

 

Yangoners တို့ စိတ်လက်အပန်းပြေဖို့ ဒီတစ်ပတ် ဘယ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ တွေးထားသလဲ။ ပြသမဲ့ ဇာတ်ကားများရဲ့ ပွဲချိန်အသေးစိတ်ကို  www.mingalarcinemas.com  မှာ ဝင်ရောက် ကြည့်ရှုလိုက်ပါနော် ...

 

ရုပ်ရှင်ရုံများရဲ့နေရာအတိအကျကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်တာ MY Yangon Guide ရဲ့ မိခင် Yangon Directory Website ( https://www.yangondirectory.com/ ) ဖြစ်ပါတယ်။

 

Movies and Showtimes at Mingalar Cinemas (Jan 9, 2026 – Jan 15, 2026)

 

Movies and Showtimes at Mingalar Cinemas (Jan 9, 2026 – Jan 15, 2026)

 

Movies and Showtimes at Mingalar Cinemas (Jan 9, 2026 – Jan 15, 2026)

 

 

.

⇐ Previous Next

Read 87 times