Entertainment

Mingalar Cinemas Showtimes This Week (November 14 - 20, 2025)

Mingalar Cinemas Showtimes This Week (November 14 - 20, 2025)

ဒီတစ်ပတ် မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံများမှာ မြန်မာကားသစ် ၂ ကားနဲ့အတူ နိုင်ငံခြားကားသစ် ရုံဝင်ပါတယ်။

ရူးမယ်ဆိုရင်တောင် မင်းအနားမှာပဲ ရူးချင်တာ .. ဆိုတဲ့ “ရာသက်ပန်ငါ့ကောင်မလေး” ရုပ်ရှင်ကားသစ်မှာ အကယ်ဒမီ အေးချမ်းမောင်၊ နေမျိုးအောင်၊ ထပ်ဆင့်အကယ်ဒမီ မေသန်းနု၊ ဖူးစုံ၊ ရွှေသမီး၊ နော်ဖောအယ်ထား၊ ဝေဖြိုးနှင့် အခြားအနုပညာရှင်များ ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ညွှန်း - သီလံဖြစ်ပြီး ဇာတ်လမ်းနှင့် ဒါရိုက်တာ - မယ်မင်းဘုံ ဖြစ်ပါတယ်။

 Mingalar Cinemas Showtimes This Week (November 14 - 20, 2025)

သာမန်အခြေခံလူတန်းစားထဲက ကောင်လေးနဲ့ကောင်မလေးတိုရဲ့ အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ်က ကြည့်နေရင်း ညိမ့်ညိမ့်လေး စီးမျောခံစားသွားစေမယ် ဆိုတဲ့ “ချစ်သူ့စေရာ” ရုပ်ရှင်ကားသစ်မှာ တိုင်ရွန်၊ ပိုးမမှီသာ၊ ဝင်းခန့်မိုး၊ အကယ်ဒမီ မေသန်းနု၊ နှင်း၊ ဇော်ဇော်အောင်၊ ရန်ပြေ(ကျော်ကြီး)၊ မိုရီဝိုင်း၊ သျှင်ဖုန်းနွယ်၊ သက်သက်ဦးဇင်တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းနှင့်ဇာတ်ညွန်းက  အေးကြည်သာဟန်ဖြစ်ပြီး ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော် ဖြစ်ပါတယ်။

 Mingalar Cinemas Showtimes This Week (November 14 - 20, 2025)

မင်္ဂလာရုပ်ရှင်ရုံများတွင် (၁၄.၁၀.၂၀၂၅) မှ (၂၀ .၁၁.၂၀၂၅) ထိ ရုံတင်ပြသမည့် ဇာတ်ကားများကတော့ -

ချစ်သူ့စေရာ

ရာသက်ပန်ငါ့ကောင်မလေး

နတ်ဝင်သည်

ပြန်မပြောရ

ယောက်ျားတွေကိုစိတ်ကုန်တယ်

The guardian demon

Bahubali The Epic တို့ ဖြစ်ပါတယ်

 Mingalar Cinemas Showtimes This Week (November 14 - 20, 2025)

MY Yangon Guide ကနေ ဒီတစ်ပတ်ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို တင်ဆက်ပေးလိုက်ပါပြီနော်။ Yangoners တို့ စိတ်လက်အပန်းပြေဖို့ ဒီတစ်ပတ်မှာ ဘယ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ တွေးထားသလဲ။ ပြသမဲ့ ဇာတ်ကားများရဲ့ ပွဲချိန်အသေးစိတ်ကို www.mingalarcinemas.com မှာ ဝင်ရောက် ကြည့်ရှုလိုက်ပါနော် ...

ရုပ်ရှင်ရုံများရဲ့နေရာအတိအကျကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်တာ MY Yangon Guide ရဲ့ မိခင် Yangon Directory Website ( https://www.yangondirectory.com/ ) ဖြစ်ပါတယ်။

 

⇐ Previous Next

Read 195 times