Health & Beauty

သဘာဝနည်းနဲ့ မျက်နှာကို ဘယ်လိုဂရုစိုက်ကြမလဲ

How to take care of your face naturally?

နေရောင်ခြည်အောက်မှာ သွားရင်းလာရင်း၊ အလုပ်လုပ်ရင်းနဲ့ အသားအရေတွေ ညိုမည်းခြောက်သွေ့ လာနိုင်ပါတယ်။  ဒါ့ကြောင့် ပြင်းထန်လွန်းတဲ့ နေရောင်ခြည်ကြောင့်လည်း မှဲ့ကင်ဆာနဲ့ အရေပြားကင်ဆာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဘာမိတ်ကပ်မှ မလိုဘဲနဲ့ မျက်နှာနဲ့ အသားအရေကို ပြန်လည် ဝင်းပလာစေနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အဲ့တာကတော့ ....

Affordable Skin Care Tips That Actually Work: 7 Wallet Friendly Ways

၁. ကြက်ဥအကာနဲ့ ပျားရည်

ကြက်ဥအကာနှင့် ပျားရည်ကို ခေါက်ပြီး မျက်နှာဖုံးပြုလုပ်ပေးပါ။ ၁၅ မိနစ်လောက် ကြာအောင်ထားပြီး မျက်နှာကို သစ်လိုက်ပါ။ ၁ ပတ်ကို ၂ ကြိမ်လောက် ပြုလုပ်ပေးပါ။

၂. မုန်လာဥနီဖျော်ရည်

မုန်လာဥနီဖျော်ရည်ကို မကြာမကြာ သောက်သုံးပေးပါ။ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင် A၊ Antioxidants တို့နှင့် အခြား ဓာတ်သတ္ထုတွေ ပါဝင်မှုကြောင့် မျက်နှာကို ပိုမိုဝင်းပလာစေရုံမကပဲ ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။

၃. သရက်သီးနဲ့ နွားနို့

မွှေထားတဲ့ သရက်သီးအနှစ်ထဲကို နွားနို့ လက်ဖက်ရည်တစ်ဇွန်းခန့် ထည့်ရောပြီး မျက်နှာပေါ်သုတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ မျက်နှာသစ်လိုက်ပါ။ သရက်သီးမှာပါတဲ့ ဓာတ်တစ်ခုဟာ မျက်နှာအရေပြားပေါ်က အဖုအထစ်လေးတွေကို စုပ်ယူပြီး နွားနို့က ဆေးကြောပေးလိုက်တာကြောင့် မျက်နှာကို ချောမွတ်တောက်ပ လာစေပြီး အရေပြားကင်ဆာကနေလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

5 ways to improve skin health

၄. နွားနို့နဲ့ပျားရည်

နွားနို့ စစ်စစ် မတ်ခွက်တစ်ဝက်ခန့်ကို ပျားရည်တစ်ဇွန်းထည့်ပြီး မွှေပြီး မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ ခန့်ထားပြီး မျက်နှာသစ်၊ ရေချိုးလိုက်ပါ။ မျက်နှာကို ပိုမို တောင်ပလာစေပါတယ်။

၅. ပျားရည်နဲ့ ထောပတ်သီး

မွှေထားတဲ့ ထောပတ်သီးထဲကို ပျားရည်တစ်ဇွန်းလောက်ထည့်ပြီး ရောမွှေလိုက်ပါ။ လက်တွေကိုတော့ သန့်စင်ပါစေ။ ထောပတ်သီးကိုလည်း သန့်ပြန့်အောင် ပြုလုပ်ထားပေးပါ။ ပြီးရင်တော့ မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ နာရီဝက်ခန့် မတိုင်ခင် ပြန်ခွာနိုင်ပါတယ်။ မျက်နှာအရေပြားတွေကို ချောမွတ်လာစေတာကို တွေ့ရမှာပါ။

⇐ Previous Next ⇒

Read 3913 times