Payday ဆိုတော့ ကိုယ့်ရဲ့ချစ်ရတဲ့သူလေးနဲ့ Dinner ကောင်းကောင်းလေး စားဖို့လိုအပ်တာပေ့ါ။ ဒါကြောင့်မို့ Romantic ဆန်ဆန်လေးနဲ့ စျေးလည်းသိပ်မကြီးတဲ့ ဆိုင်လေးတွေကို စုပေးထားပါတယ်
White Cottage Restaurant
Antique ဆန်တဲ့ အဆောက်အဦးရဲ့ရှေ့ ပန်းခြံလေးထဲက ရေကူးကန်လေးဘေးမှာ စားရမယ်ဆိုရင် ဘယ်လောက် Roဆန်တယ်ဆိုတာ ပြောနေစရာတောင်မလိုပါဘူး။
စားစရာအမျိုးအစားတွေကလည်း မြန်မာဆန်ဆန် ထမင်းနဲ့ဟင်းပဲ စားမလား ? Italy ဆန်ဆန် Pizza နဲ့ Pasta လေးပဲစားမလား ? Western စတိုင် steak ပဲစားမလား ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်လို့ရပြီးတော့ စျေးလေးတွေကလည်း သင့်တင့်တယ်ဆိုတော့ သွားစားသင့်တဲ့ ဆိုင်ထဲမှာ ထည့်ထားလို့ရပြီနော်။
Art Cafe Yangon
လှည်းတန်း ဦးထွန်းလင်းခြံလမ်းထဲမှာ ရှိတဲ့ ဒီပြင်သစ်ဆိုင်လေးက Cafe ဆိုပေမဲ့ စားစရာကောင်းကောင်းလေးတွေလည်း ရပါတယ်။ ဝက်သား ၊ ကြက်သား ၊ အမဲသား ၊ဘဲသား နဲ့ ပင်လယ်စာ တွေက အစရရှိနိုင်ပြီး ခြံဝန်းလေးထည်းမှာ ရှိတာမို့လို့ Private ဆန်တယ်လို့လည်း ခံစားရစေမှာပါ။
စားရင်းနဲ့ သောက်ချင်တယ်ဆိုရင်လည်း ဘီယာ က အစ ရှန်ပိန်၊ ဝိုင်တွေထိရှိတာမို့လို့ သာယာတဲ့ညနေခင်းလေးကို ပိုင်ဆိုင်နိုင်မှာပါ။
Envoy
ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ ဒီဆိုင်လေးမှာဆိုရင် တောအုပ်စိမ်းစိမ်းစိုစို လေးထဲရောက်ရှိသွားသလိုခံစားရမယ့် အပင်လေးတွေကြားထဲမှာ စားနိုင်မှာပါ။
စားစရာကလည်း Dinner တစ်ခုအတွက် ရွေးချယ်စရာ အလုံအလောက်ပါပဲ။
Unplugged တီးဝိုင်းလည်းရှိတတ်တာမလို့ သံစဥ်လေးတွေနားထောင်ရင်း ကြည်နူးလို့ရတာပေါ့။
By Aung Myo Hein
Read 1717 times