သင်က Apple ရဲ့ Hard Core Fan တစ်ယောက်ဖြစ်တယ်ပြီး Budget လည်း အလုံအလောက်ရှိတယ်ဆိုရင် ဘာကို အရင်ဝယ်မှာလဲ Macbook လား iPhone 12 pro max လား ??
Product ဆိုတာ ပစ္စည်းတွေတင်မဟုတ်ပဲ Applecare + နဲ့ Apple One လိုခေါ်တဲ့ Apple TV +, Gaming Service, 2TB icloud Storage နဲ့Apple Fitness + အစရှိတဲ့ Service တွေလည်းပါပါတယ်။
iPhone
နောက်ဆုံးထွက်ထားတဲ့ iPhone 12 Promax ရဲ့ Basic Version 128GB Rom,6GB Ram က $1,099 ကျပါတယ်။ အမြင့်ဆုံး 512GB ကိုယူမယ်ဆို $1,399 သွားကျမှာပါ ပျောက်တာနဲ့ အသစ်တစ်လုံးပြန်လိုချင်လို့ Apple Care + ပါဝယ်မယ်ကွာ ဆိုရင်တော့ $269 ထပ်ပေါင်းလိုက်ပြီး $1,756 နဲ့ 12 Pro Max ကိုဝယ်နိုင်ပါတယ်။
Apple Watch
ဒါကတော့ Apple Store ကနေဝယ်လို့ရတဲ့ Watch တွေထဲမှာ စျေးအကြီးဆုံးဖြစ်ပြီး $1,499 ထိရှိပါတယ်။ ကျန်တဲ့ Watch တွေလို 44mm silver, stainless steel case နဲ့ပဲဖြစ်ပြီး ထူးခြားတာကတော့ Hermès က Leather Band ပါပါတယ်။ ကိုယ့်ရဲ့ Hermès အိတ်နဲ့ အရောင်တူ ဝတ်လိုက်ရင်တော့ ဒီဇိုင်းကာလာ အနေအထားက တော်တော်မိုက်သွားမှာ အသေအချာပဲ။ Apple Care + ပါပေါင်းလိုက်မယ်ဆိုရင် $149 နဲ့ စုစုပေါင်း $1,648 လောက်ပဲ ကျဦးမှာနော်။(မဆိုးဘူးတန်တယ်)
Mac
Mac Pro ရဲ့ အာပလာ Basic Version ကို $5,999 အနေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံးဆိုတာတွေ ထည့်ထားတဲ့ Version ကိုဝယ်မယ်ဆိုရင်တော့ $54,447 ကျပါမယ်တဲ့။ ဒီအမြင့်ဆုံး Version မှာ ဘာတွေပါမလဲဆိုရင်တော့ 2.5 GHz 28-core Intel Xeon W processor with Turbo Boost up to 4.4 GHz ($7,000), 1.5 TB of memory ($25,000), 2 Radeon Pro Vega II Duo graphics chips with 2X32 GB of HBM2 memory each ($10,800),8 TB of storage ($2,600), Apple Afterburner card for better video performance ($2,000), wheels ($400), a Magic Mouse 2 and Magic Trackpad 2 ($149), and pre-installed Final Cut Pro and Logic Pro software ($499.98). အစရှိတဲ့ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ ပစ္စည်းတွေပဲပါမှာပါ။ Mac ကြီးပဲ သုံးလိုမရတော့ Monitar လေးကလည်း ဝယ်ရဦးမှာပေါ့လေ။ Monitar အတွက်လည်း Apple ကထုတ်ထားတဲ့ 32လက်မ 6K Retina Display က $5,999 ကျပါမယ်။သူ့ကိုထောက်ဖို့ကလည်း Pro Stand က $999 Adpater အတွက် $199 နဲ့ Apple Care + ပါထပ်ပေါင်းလိုက်ရင် $62,571 စုစုပေါင်း ကျသွားပါတယ်။
MacBook
Mac က အိမ်မှာ သုံးဖို့ဆိုရင် အပြင်သွားအပြင်လာ ထသွားထလာ အကြမ်းသုံးဖို့ကတော့ MacBook လေးတစ်လုံးလောက်လည်း ဝယ်ထားဖို့လိုတာပေါ့။ သူကလည်း သိပ်တော့မရှိပါဘူး။
Basic Version ဆို $2,799 လောက်ပဲကျမှာဆိုတော့ အကြမ်းသုံးပျော်ပါတယ်။ဒီ basic version ကနှေးတယ်ကွာ သုံးရတာ အားမရဘူးဆိုရင်တော့ 5.0Ghz ထိပေးမယ့် Intel Core i9 9th Gen Processor ကို $200, Ram 64 Gb ကို $800,AMD Radeon Pro 5600M graphics chip 8GB ကို $700, ဘာဘာညာညာ ရုပ်ရှင်တွေ ဂိမ်းတွေထည့်ဖို့ Storage 8TB ကို $2,200 ကျန်တဲ့ Software ဘာညာနဲ့ Care + တွေပါထပ်ထည့်မယ်ဆို စုစုပေါင်း $7,198 ပဲကျမှာဆိုတော့ တန်ပါတယ်။
Macbook ကိုအလှဆင်ဖို့ Accessories လေးတွေက Leather Case $199 ရယ် (ဒါလေးက Hermès Collection Watch လေးနဲ့ ဆင်တူလေးသုံး) iPhone နဲ့ MacBook ချိတ်ဖို့ $36 ကျပ်တန် Lightning Adptaer Cable လေးတွေလိုမျိုး ပေါပေါပဲပဲ နှစ်ရာဖိုး သုံးခုလောက်လေးတွေ ရောင်းပါတယ်။
iPad
နောက်တစ်ခုကတော့ iPad ပေါ့ ။ 12.9 လက်မ iPad Pro ကိုမှ $1649 ဆိုတော့ သူလည်းမဆိုးပါဘူး။ အိမ်မှာကလေးတွေ PUBG တို့ဘာတို့ ပစ်လို့ရတာပေါ့။ သူနဲ့ တွဲသုံးလို့ရမယ့် Keyboard နဲ့ Pencil လေးတွေလည်း ဝယ်လိုရပါသေးတယ်။ သူတို့ကတော့ နှစ်ခုပေါင်းမှ $500 လောက်ပါပဲ။
AirPod Pro
သီချင်းလေး ဘာလေး နားထောင်ဖို့ကတော့ $249 ကျပ်တန် AirPod Pro လေး တစ်ခုလောက်ဝယ်ထားရင် လုံလောက်ပါတယ်။
AirPod Max
AirPod Pro ရဲ့ Audio နဲ့ နားထောင်ရတာ ကြည့်ရတာ အားမရဘူးကွာဆိုရင် $549 တန် AirPod Max လေး တစ်ခုလောက် ထပ်ဝယ်ထားလိုက်ပေါ့။
Home Pod
နားကြပ်မတပ်ချင်ဘူး Speaker လေးနဲ့မှဆိုရင်လည်း $299 တန်တဲ့ HomePod လေးရှိပါသေးတယ်။
Apple TV
HomePod လေးနဲ့တွဲကြည့်ဖို့ကလည်း TV ကလိုသေးတယ်လေ။ 4K Apple TV ကိုမှ $199 ပဲဆိုတော့ သူလည်း တန်တယ်လို့ပြောရမှာပါ။
Services
Apple က iPhone တွေရောင်းရတာ ဒီနှစ်ပိုင်း လျော့လာတယ်လို့ ဆိုပါတယ်။ ဒါကြောင်မို့လို့ Apple one လို့ခေါ်တဲ့ Service Bundle တွေလည်း ရောင်းရင်း အပိုဝင်ငွေရှာလာပါတယ်။ စစချင်း တစ်လကို အလကား ပေးသုံးပြီးတော့ နောက်ပိုင်းတွေကတော့ တစ်လကို $29.95 နဲ့ ဝယ်သုံးပေါ့။
ဆိုတော့ စုစုပေါင်း Product ပေါင်းစုံကို ဝယ်ဖို့ တွက်လိုက်မယ်ဆိုရင် $75,000 လောက်တော့သွားကျမှာပါ။ Latest & Greates တွေသုံးရမယ့် အပြင် Apple Eco System ထဲမှာ ဝင်ရမှာဆိုတော့ ပျော်ပျော်ကြီး သုံးသင့်ပါတယ်။
Read 1802 times