သင့်ကိုယ်သင် လမ်းပျောက်နေတယ် လို့ခံစားနေရပါသလား။ ကိုယ့်ရဲ့ အားသာချက်တွေကို မေ့လျော့ပြီး စိတ်ဖိစီးမှုတွေနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေရပါသလား။
ဒါဆိုရင်တော့ အောက်တိုဘာ ၁၆ ရက်နေ့ကျရင် Goethe-Institut Myanmar စာကြည့်တိုက်မှာ နေ့လယ် ၂ နာရီကနေ ၄ နာရီအထိ ကျင်းပမဲ့ “မိမိကိုယ်မိမိ ပြန်လည်ရှာဖွေခြင်းဆိုင်ရာ လူငယ်စကားဝိုင်း” - Youth Dialogue Lab ကို တက်ရောက်ဖို့ MY Yangon Guide က လမ်းညွှန်လိုက်ပါရစေ ...
ကဲ ... ဒါဆို ကိုယ့်ဘ၀ကို အကောင်းဆုံး ပုံဖော်နိုင်ဖို့ စိတ်ကူးရှိကြတဲ့ အသက် ၁၈နှစ်နဲ့အထက် လူငယ်များအနေဖြင့် Goethe-Institut Myanmar စာကြည့်တိုက်မှာ ကျင်းပမဲ့ “မိမိကိုယ်မိမိ ပြန်လည်ရှာဖွေခြင်းဆိုင်ရာ လူငယ်စကားဝိုင်း” မှာ ရင်လာဖွင့်ရင်း ပျောက်ဆုံးနေတဲ့ မိမိကိုယ့်ကို ပြန်လည်ရှာဖွေကြည့်နိုင်စေဖို့ MY Yangon Guide က လမ်းညွှန်လိုက်ပါတယ်နော်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -
အမည် အသက် ဖုန်းနံပါတ် တို့ကို
biblio-yangon@goethe.de
သို့ အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။
Read 68 times