Food & Drink

Why is Wasabi so expensive?

Why is Wasabi so expensive?

ကျွန်တော်တို့ ဆူရှီနဲ့စားနေတဲ့ Wasabi က Wasabi အစစ်မဟုတ်ပါဘူး။Wasabi အစစ်ဟာ စျေးတအားကြီးလွန်းတဲ့အတွက် နာမည်ကြီးစားသောက်ဆိုင်တွေ၊ဟိုတယ်တွေ မှာပဲ အသုံးပြုနိုင်ပါတယ်။ ဘူးပေါ်မှာပါတဲ့ ပါဝင်ကစ္စည်းတွေကို ကြည့်လိုက်မယ်ဆိုရင် Wasabi ပါဝင်နှုန်းက ၁% လောက်ပဲရှိပါတယ်။ ဘာလို့လဲဆိုတော့ Wasabi အစစ်ဟာ တစ်ကီလိုကို ဒေါ်လ (၂၅၀)လောက်ကျလို့ပါ။ ဆိုတော့ Wasabi ဆိုတာဘာလဲ ပြီးတော့ ဒီလောက်စျေးကြီးနေရတာ ဘာကြောင့်လဲ??

 

 

Wasabi ဟာမုန်ညှင်းတို့၊ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်တို့နဲ့ မျိုးနွယ်အတူတူဖြစ်တဲ့ အစိမ်းရောင်ရှိ အပင်ဖြစ်ပါတယ်။ သူတို့နဲ့မတူတာက စျေးတအားကြီးလွန်းတာပါ။ ဘာလို့ ဒီလိုစျေးကြီးရတာလဲဆိုတော့ သူ့ကိုစိုက်ပျိုးတဲ့အခါ လုပ်ရမယ့်အဆင့်တွေရယ် စိုက်တဲ့လိုအပ်ချက်တွေက များပြားလွန်းတာ ကြောင့်ပါ။Wasabi ဟာစီးပွားဖြစ်စိုက်ပျိုးရာမှာ အခက်ခဲဆုံးအပင်တွေထဲက တစ်မျိုးဖြစ်ပါတယ်။ 

 

သဘာဝအတိုင်းတွေ့ရတဲ့ တစ်ခုတည်းသောနေရာကတော့ ဂျပန်ကတောင်တွေမှာရှိတဲ့ စမ်းချောင်းလေးတွေဘေးမှာပါ။ ဒီအပင်လေးတွေက အရိပ်ရပြီး ရေအမြဲတမ်းရတဲ့ ကျောက်စရစ်ဆန်တဲ့ သဲမြေမှာပဲ ရှင်သန်နိုင်လို့ပါ။ဒါ့အပြင် အပူချိန်ကလည်း တစ်နှစ်ပတ်လုံး (၆) ဒီဂရီကနေ (၂၀)ဒီဂရီကြားမှာပဲ ဖြစ်ရပါမယ်။ ရေငွေ့စိုထိုင်းမှုနှုန်း ပုံမှန်ထက်များတာတို့ဘာတို့ဆိုရင်လည်း အဆင်မပြေပါဘူး။

 

ဒီလိုအခြေအနေတွေ အကုန်ပြည့်စုံရင်လည်း မပြီးသေးပါဘူး။ Wasabi ကိုပြန်တူးဖို့ဆိုရင် (၁၈)လလောက်စောင့်ရပါသေးတယ်။ ဒါအပြင် စိုက်ပျိုးတဲ့ ကိစ္စတွေအကုန်လုံးကို လူအင်အားနဲ့ပဲ လုပ်ရတာဖြစ်လို့ပါ။အရင်တုန်းက ဂျပန်မှာပဲတွေ့ရတယ်ဆိုပေမယ့် အခုအချိန်မှာတော့ ဥရောပနိုင်ငံတွေမှာ Wasabi ကိုစီးပွားဖြစ် စမ်းသပ်စိုက်ပျိုးနေကြပါပြီ။ 

 

 

 

⇐ Previous Next ⇒

Read 4316 times