Food & Drink

Let's Make Pork & Lettuce At Home

Let's Make Pork & Lettuce At Home

လွယ်ကူရိုးရှင်းပြီး စားလို့ရှယ်ကောင်းတဲ့ ဝက်သားဆလပ်လုပ်နည်းလေး ကို မိသားစုနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့အတူတူနေလို့ လုပ်စားရင်ပဲဖြစ်ဖြစ် လွယ်ကူရိုးရှင်းတဲ့ နည်းလေးပြောပြပေးသွားမှာပါ။

 

ပါဝင်ပစ္စည်းများ

- ဝက်သား

- ပဲငံပြာရည်အနောက်

- သကြား

- ဆား

- ဟင်းခတ်မှုန့်

- ဆလပ်ရွက်

- ကြက်သွန်ဖြူ

 

ဝက်သား ကို ဆား ၊ဟင်းခတ်မှုန့် နှင့်ရောနည်ထားပါ။ဆီပူလာပါက သကြားထည့်ပြီး အညိုရောင်သန်းလာပါက ဝက်သားနှပ်ထားတာလေးထည့်ပါ..

ပဲငံပြာရည် အနောက်ရည် အရောင်လှအောင် ထည့်ပါ။ မွှေးအောင် ကြက်သွန်ဖြူထည့်ပါမယ်

ဝက်သားနှုးလာပါက ဆီနဲ့ ကြာကြာလိမ့်ပါ ပြီးရင်တော့ ကျက်သွားတဲ့ ဝက်သားပေါ် နှမ်းလေးဖြူး ဆလပ်ရွက်လေးနဲ့ အချဉ်လေးဖြစ်ဖြစ် ကင်ချီလေးထည့်ပြီး ဘီယာလေးနဲ့ မြည်းလိုက်ရရင် အာဂပါးစပ် လူဖြစ်ကျိုးနပ်လေအံ့။

 

တွဲစားဖို့ ဂင်ချီလုပ်နည်းကိုပါ တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။

ဂင်ချီပြုလုပ်နည်း

- ငရုတ်သီးစိမ်း

- ကြက်သွန်ဖြူ

- ကြက်သားမှုန့်

- အချိုမှုန့်နည်းနည်း

- သံပရာရည်

 

ကြက်သွန်ဖြူ ငရုတ်သီးစိမ်းရောကြိတ် ပြီး ကြက်သားမှုန့် သံပရာရည် အချိုမှုန့် နည်းနည်း ထည့်ပြီး ခဏလောက်နှပ်ထားမယ်ဆို အရသာရှိတဲ့ ဂင်ချီလေး ရပါပြီ။

Next

Read 4004 times