ကိုဗစ်ကာလထဲမှာ အလုပ်ပိတ်ရက်တွေဟာ တကယ်ကို အထီးကျန်ဆန်ပြီး ပျင်းဖို့ကောင်းပါတယ်။ ဒီလို ပျင်းစရာကောင်းတဲ့ ပိတ်ရက်တွေကို အစားအသောက်လေးနဲ့ မဖြတ်သန်းချင်ဘူးလား?
အစိုးရရဲ့ ထုတ်ပြန်ချက်ကြောင့် စားသောက်ဆိုင်တွေ ပိတ်ထားရပေမယ့် Takeawayနဲ့ Delivery Service တွေကတော့ ရှိနေပါသေးတယ်။ Deliveryနဲ့ မမှာချင်လို့ Takeaway သွားဝယ်ရင်း ပရိုမိုးရှင်းလေးတွေ ရမယ်ဆိုရင်ရော စိတ်ဝင်စားလား။
ကိုယ်စားချင် သောက်ချင်တဲ့ အစားအသောက်ချင်းတူတာတောင် ပရိုမိုးရှင်းနဲ့ စားရတဲ့ အစားအစာက ပိုအရသာရှိနေတာမျိုးပါ။ ဒါ့ကြောင့် ဒီအပတ် Weekend ပိတ်ရက်မှာ Takeaway ယူရင်း ပရိုမိုးရှင်းတွေ ရရှိနိုင်မယ့် ကြက်ကြော်ဆိုင်တွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
CP Myanmar Kitchen
ဒီတစ်ခါ ပြောပြပေးမှာကတော့ CP ရဲ့ ပရိုမိုးရှင်း အကြောင်းပဲ ဖြစ်ပါတယ်။ CP Five Star Extra Restaurantတွေကနေ Special Set Menu ပရိုမိုးရှင်း ဖြစ်တဲ့ Pork Leg Soup or Spicy Mountain ဝက်ကျောရိုးပေါင်း တစ်ပွဲဝယ်တိုင်း Smoothies တစ်ခွက်ကို လက်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်။
ပရိုမိုးရှင်းက ဒီဇင်ဘာ (၁၁) ရက် ကနေ (၁၇) ရက်နေ့အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ စတဲ့ မြို့တွေရဲ့ Five Star Extra Restaurant ဆိုင်တွေမှာ Takeaway သီးသန့်ဖြင့် စိတ်ကြိုက်ဝယ်ယူနိုင်ပါပြီ။
Yangon
Mandalay
Nay Pyi Taw
Monywa
Lotteria Myanmar
ကြက်ကြော်လည်း ရှယ်ကြိတ်ချင်တယ်၊ ဘာဂါလည်း ကြိုက်တယ်ဆိုတဲ့ Foodieတွေ အတွက် Lotteria ရဲ့ လုံး၀ လက်မလွှတ်သင့်တဲ့ Weekend Promotion လာပြီနော်။ ဒီအပတ်မှာတော့ လူတိုင်းအသည်းစွဲတဲ့ Bulgogi ( ဘူးလ် ဂိုဂီ ) ဘာဂါကို လျော့ဈေးတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ဘာဂါ ပရိုမိုးရှင်းပဲလား ဆိုတော့ မဟုတ်သေးပါဘူး ကြက်ကြော် အစီအစဉ် ရှိပါသေးတယ်။ ကြက်ကြော်ကို ရှယ်ကြိတ်ချင်တယ်ဆိုတဲ့ Foodieတွေ အတွက်
ပရိုမိုးရှင်းက ဒီအပတ် စနေ၊ တနင်္ဂနွေ ဖြစ်တဲ့ ဒီဇင်ဘာ (၁၂၊ ၁၃)ပဲဖြစ်ပြီး Lotteria ဆိုင်ခွဲတိုင်းမှာ အားပေးလို့ရပါတယ်နော်။
KFC Myanmar
KFC ရဲ့ LTO Snackတွေ အကြောင်း သိပြီးပြီလား?
ဒီတစ်ခါ လျှာဖျားကနေ စိတ်ကူးထဲထိ အလည်ရောက်သွားစေမယ့် LTO Snack အသစ် (၃)မျိုးကို ရောင်းချပေးနေပြီနော်။
အရသာကလည်း Thaiအရသာလေးဆိုတော့ စားနေရင်း Thaiရောက်သွားသလို ခံစားရစေမယ့် KFC ရဲ့ LTO Snackတွေကို မြည်းစမ်း ကြည့်လိုက်တော့နော်။
နောက်ပြီး Takeawayအပြင် Foodpanda, GrabFood, Door2Door နဲ့ Food2U ကလည်း မှာလို့ ရသေးတယ်ဆိုတော့ ဘာလိုသေးလဲဗျာ။
By MY Yangon Guide
Read 2400 times