Things To Do

Inno City က Urban Night Market

Urban Night Market at Inno City Shopping Mall

အစားအသောက် အမျိုးအစားပေါင်း ၄၀ ကျော်ကို မြည်းစမ်းရင်း ဖက်ရှင်၊ အလှအပ၊ ကလေးအဝတ်အထည်နဲ့ တိလေးတွေအတွက်ပါ Shopping ထွက်နိုင်မဲ့ Urban Night Market ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ကနေ ၃၀ အထိ Inno City မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အချိန်ကတော့ ညနေ ၃ နာရီက ၉ နာရီအထိပါ။

ရန်ကုန်မြို့ပြရဲ့ ဆောင်းညအခိုက်အတန့်မှာ ချစ်ရတဲ့အရာတွေနဲ့ ပျော်စရာတွေ အတူတူဖန်တီးမယ်ဆိုရင် Inno City Shopping Mall မှာ ကျင်းပမဲ့ Urban Night Market ဟာ မိတ်ဆွေအတွက် ဖြစ်ပါလိမ့်မယ်။ ထိန်ထိန်သာနေတဲ့ မီးရောင်အောက်မှာ လိုချင်တာတွေဝယ်၊ စားချင်တာတွေစားပြီး စိတ်အေးလက်အေး ရှိစေမဲ့ ညဈေးတန်းလေးအကြောင်း MY Yangon က မိတ်ဆွေတို့ကို လမ်းညွှန်လိုက်ပါပြီနော် …

“Event Details”

နေရာ - Inno City Shopping Mall.

နေ့ရက် - ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ကနေ ၃၀။

အချိန် - ညနေ ၃ နာရီက ၉ နာရီအထိ။

More Details -  https://www.facebook.com/61580099587482/videos/604768482725652?idorvanity=1829876340897562

 

Urban Night Market

⇐ Previous

Read 87 times