ရန်ကုန်မြို့ရဲ့ အံ့မခန်း မနက်ခင်း (သို့) ရန်ကုန်တိမ်ပင်လယ်
ရှမ်းပြည်နယ်၊ ချင်းတောင်တန်းတွေမှာမှ တွေ့မြင်ရလေ့ရှိတဲ့ “တိမ်ပင်လယ်” အလှဟာ ယနေ့မနက်ခင်းမှာတော့ မြို့ပြကြီး ရန်ကုန်ရဲ့ မိုးကုတ်စက်ဝိုင်းမှာ ထူးထူးခြားခြား ဆန်းသစ်စွာ ပေါ်ပေါက်လာခဲ့တယ်။ Zue Nge အမည်ရ Facebook အကောင့်မှ တင်လိုက်သည့်ပို့စ်မှာ မြင်တွေ့လိုက်ရတဲ့ ဒီမြင်ကွင်းကြောင့် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေမျှမှုတွေ အများအပြား ရှိနေခဲ့ပါတယ်။

ပုံမှန်အားဖြင့် ရန်ကုန်မြို့ကို အထက်ကနေ အုပ်မိုးနေတတ်တဲ့ တိမ်ထုတွေဟာ ဒီနေ့မနက်မှာတော့ အောက်ဘက်ပိုင်းအချို့နေရာတွေထိ ပင်လယ်ပြင်ကြီးလို ပြန့်ကားစွာ ဖုံးလွှမ်းလာခဲ့တယ်။ မြင့်မားတဲ့ မိုးမျှော်တိုက်ကြီးတွေနဲ့ ကွန်ဒိုအဆောက်အအုံတွေရဲ့ ထိပ်ပိုင်းတွေကတော့ အဲဒီတိမ်ထုပင်လယ်အပေါ်မှာ ကျွန်းငယ်လေးတွေပမာ ထိုးထွက်နေခဲ့တာကို ပုံတွေမှာ မြင်တွေ့ရမှာပါ။




တောင်ပေါ်ဒေသတွေမှာ ဖြစ်ပေါ်တတ်တဲ့ တိမ်ပင်လယ်နဲ့ ဆင်တူတဲ့ အမှတ်ရစရာမြင်ကွင်းကို MY Yangon Guide ကနေ ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီပုံများရဲ့ မူရင်းပိုင်ရှင်က Zue Nge အမည်ရ Facebook အကောင့်ဖြစ်ကြောင်း လေးစားစွာ Credit ပေးပါတယ်။
Read 237 times