Travel

ငါးမျှားရင်း အပန်းဖြေလို့ရမယ့် လှည်းကူးမြို့က သန်းကြွယ်စံ အပန်းဖြေစခန်း

Than Kywal San Resort in Yangon

မွန်းကြပ်လှတဲ့ မြို့ပြကို ပလစ်ပြီး လွတ်လွတ်လပ်လပ် အေးဆေးအနားယူချင်တဲ့သူတွေအတွက် ဝင်ကြေးမရှိတဲ့ အပန်းဖြေနေရာတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပိတ်ရက်မှာ မိသားစု၊ သူငယ်ချင်းတွေ စုပြီး ကျေးလက်ဆန်ဆန် သဘာ၀အလှတရားတွေကို ငေးမောခံစားရင်း စားကောင်းသောက်ဖွယ်တွေနဲ့ အပန်းဖြေအနားယူချင်တယ်ဆိုရင် ဒီနေရာလေးက စျေးလည်းသင့်တင့်ပြီး ရှုခင်းတွေလည်း လှပါတယ်။ နောက်ပြီး ငါးမျှားဝါသနာရှင်တွေအတွက်လည်း ရွေးချယ်သင့်တဲ့ အပန်းဖြေစခန်းပါ။ 

သူ့နေရာက လှည်းကူးမြို့၊ ဆားတလင်းကျေးရွာမှာ ရှိပါတယ်။ ရန်ကုန်မြို့ကနေ သွားမယ်ဆိုရင်တော့ ကားကြပ်ရင် (၁) နာရီခွဲလောက် စီးရပါတယ်။ အပန်းဖြေစခန်းက ဝင်ကြေး မရှိပေမဲ့ အထဲမှာ အနားယူဖို့ ဘန်ဂလိုတဲလေးတွေ ငှားရမ်းရပါတယ်။ စျေးနှုန်းကတော့ တစ်နေကုန်နေမှ ၁၀,၀၀၀ ကျပ်တည်းပါ။ ဘန်ဂလို မငှားချင်တဲ့သူတွေအတွက် အမိုးနဲ့ Free ထိုင်လို့ရတဲ့ နေရာလေးတွေလည်း ရှိပါတယ်။ 

ငါးမျှားဖို့အတွက်လည်း ငါးမျှားတံတွေ ငှားရမ်းပေးပါတယ်။ ငါးမျှားလို့ရတဲ့ ငါးကို ၁ပိသာ ၇,၀၀၀ ကျပ်နဲ့ ပြန်ဝယ်ယူရပါတယ်။ ကိုယ်မျှားလို့ရထားတဲ့ ငါးတွေကိုလည်း ဆိုင်ကို စားချင်တဲ့ ပုံစံ ချက်ခိုင်းလို့ရတာဖြစ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် စားလို့ရပါတယ်။ 

ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ ရေကူးကန်လည်း ရှိပါတယ်။ ရေကူးကန်ဝင်ကြေးက ၁၃ နှစ်အထက်က တစ်ဦးကို ၄,၀၀၀ ကျပ်၊ ၁၃ နှစ်အောက်ကလေးက တစ်ဦး ၃,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ဝါသနာပါရင် အပြင်းပြေကစားဖို့ မျှားပစ်ကွင်း၊ ဘီလိယက်ခုံတို့လည်း ရှိပါတယ်။

ဘီလီယက်ခုံက တစ်နာရီကို ၃,၀၀၀ ကျပ် ယူပါတယ်။ မြှားပစ်ကစားတာကလည်း တစ်ကြိမ်ကို ၃,၀၀၀ ကျပ်ပါ။ တစ်ကြိမ် ကစားရင် မြှားတံ (၁၀) ခု ပေးပါတယ်။ ပစ်မှတ်ကို ထိမှန်ရင် ကြက် (၁) ကောင်ရပါတယ်။ 

No photo description available.

စားသောက်စရာတွေဆိုလည်း မီနူးအစုံရှိပါတယ်။ ဘီယာလည်း ရပါတယ်။ ပြင်ပ အစားအစာတော့ လုံးဝ ယူဆောင်ခွင့်မပြုပါဘူး။ Speaker တို့၊ Bluetooth Box တို့လည်း သယ်ဆောင်ခွင့်မပြုပါဘူး။

သဘာဝလေကောင်းလေသန့်ရှုရှိုက်ရင်း အေးဆေးထိုင် စားသောက်လိုက်၊ ညနေနေအေးချိန် ငါးလေးမျှားလိုက်နဲ့ဆိုတော့ Vibe ကတော့ လုံးဝမိုက်ပါတယ်။ စိတ်ဝင်စားလို့ သွားမယ်ဆိုရင် အောက်ကလင့်ခ်မှာ ဘိုကင်တင်ပြီး သွားရောက်အပန်းဖြေနိုင်ပါတယ်။

>> https://www.facebook.com/profile.php?id=100088067450811

⇐ Previous Next

Read 1145 times