Things To Do

ပိုးမွှား၊ ရောဂါကာကွယ်ဖို့ ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်စို့

Safe Food from Safe Farm Discussion Series (1)

စိုက်ပျိုးရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် Safe Food from Safe Farm ဆွေးနွေးပွဲအစီအစဉ် အမှတ်စဉ် (၁) ကို (၂၃.၁၁.၂၀၂၅) ရက်နေ့တွင် ရန်ကုန်မြို့၊ ကန်တော်ကြီး၊ မြေပဒေသာကျွန်းရှိ စိုက်ပျိုရေးဦးစီးဌာန၏ မြေပဒေသာကျွန်းသင်တန်းခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း Myanmar Fruit, Flower and Vegetable Producer and Exporter Association ဖေ့စ်ဘုတ်စာမျက်နှာမှ ဖော်ပြထားပါသည်။

ဆွေးနွေးပွဲကို “ပိုးမွှား၊ ရောဂါကာကွယ်ဖို့ ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး စိုက်ပျိုးသည်မှစ၍ စားသုံးသူများ၏ လက်ဝယ်သို့ ရောက်သည့်တိုင် ဖြစ်ပေါ်တတ်သော ပိုးမွှား၊ ရောဂါများအကြောင်းနှင့် ကာကွယ်စောင့်ရှောက်မည့် နည်းလမ်းများအကြောင်းကို ‌ဒေါက်တာခင်ခင်မာလာမြင့် (ပိုးမွှားပညာရှင်) နှင့် ဒေါက်တာဝင်းသန်း (ရောဂါပညာရှင်) တို့မှ ဆွေးနွေးသွားပါမည်။ ထို့ကြောင့် စိတ်ပါဝင်စားသူမည်သူမဆို လူကိုယ်တိုင် (သို့မဟုတ်) အွန်လိုင်းမှ တက်ရောက်နိုင်ပါရန် ဖိတ်ခေါ်ထားပါသည်။

စိုက်ပျိုးသူများသည် မိမိတို့စိတ်ထဲတွင် သမရိုးကျမဟုတ်သော (သို့မဟုတ်) အမည်ဖော်၍မရသော ပိုးမွှား၊ ရောဂါ ကျရောက်နေသောအပင်ကို ရေခဲပုံးနှင့် သေချာစွာထည့်၍ ယူဆောင်လာပါက ပညာရှင်များမှ ရောဂါရှာဖွေပေးမည်ဖြစ်ပြီး လိုအပ်ပါက ဓါတ်ခွဲခန်းသို့ပို့ဆောင်၍ အဖြေရှာပေးမည့် အထူးအစီအစဉ်လည်း ရှိပါသည်။
ပိုးမွှား၊ ရောဂါကာကွယ်ဖို့
ဆွေးနွေးပွဲခေါင်းစဉ် - “ပိုးမွှား၊ ရောဂါကာကွယ်ဖို့ ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်စို့”
နေ့ရက်နှင့် အချိန် - ၂၃.၁၁.၂၀၂၅ (တနင်္ဂနွေနေ့)၊ နံနက် (၉:၀၀) နာရီ မှ နေ့လယ် (၂:၀၀) နာရီထိ
နေရာ - မြေပဒေသာကျွန်းသင်တန်းခန်းမ၊ ကန်တော်ကြီး၊ ရန်ကုန်မြို့။
ပညာရှင်အမည် - ‌ဒေါက်တာခင်ခင်မာလာမြင့် (ပိုးမွှားပညာရှင်)၊ ဒေါက်တာဝင်းသန်း (ရောဂါပညာရှင်)

ဆွေးနွေးပွဲ တက်ရောက်လိုသူများသည် ရုံးဖုန်း Viber နံပါတ် 0943127656 သို့ စာရင်းပေးသွင်းပါရန် လိုအပ်ပါသည်။ ဆွေးနွေးမည့်အကြောင်းအရာနှင့် စပ်လျဉ်း၍ မေးခွန်းများရှိပါကလည်း Viber နံပါတ် 0943127656 သို့ ကြိုတင်ပေးပို့ထားနိုင်ပြီး  (၁၄.၁၂.၂၀၂၅) နေ့တွင်လည်း ဆွေးနွေးပွဲ အမှတ်စဉ် (၂) ကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ၎င်းတို့မှ ကြိုတင်အသိပေးထားပါသည်။ 

⇐ Previous Next ⇒

Read 1497 times