Entertainment

Pop Punk & Grunge Music ဖျော်ဖြေပွဲ (Jam It မှ စီစဉ်သည်)

Pop Punk & Grunge Music event organized by Jam It

ရန်ကုန်က Pop Punk & Grunge Music နှစ်သက်သူများအတွက် -

 

Jam It က စီစဉ်တဲ့ Pop Punk & Grunge Music ဂီတဖျော်ဖြေတင်ဆက်ပွဲလေးတစ်ခုကို MY Yangon ပရိသတ်တို့အတွက် လမ်းညွှန်ပေးလိုက်ပါတယ်။ လူငယ်အနုပညာရှင်တို့ရဲ့ ရင်တ္ငင်းခံစားချက်တွေ၊ ပေါက်ကွဲမှုတွေ၊ ဟစ်ကြွေးမှုတွေကို နားဆင်ရမဲ့ ဒီဂီတပွဲလေးကို The Galleria 9 Café & Restaurant @Room မှာ အခုလာမဲ့ တနင်္ဂနွေနေ့ (၁၂.၁၀.၂၀၂၅) ညနေ ၄း၃၀ မှ ၈း၃၀ အထိ ကျင်းပသွားမှာ ဖြစ်ပြီး ဝင်ကြေးအဖြစ် ကျပ်ငွေ ၁၀၀၀၀ သတ်မှတ်ထားပါတယ်။ ပါဝင်ဖျော်ဖြေသွားမဲ့ ဂီတအဖွဲ့များကတော့ Talking Dogs, Grandma’s Fury, The Queries (Kaiza Tin Moong Tribute Band), Happy Hour, The Greatest Nothing, Pieces of Me, Dookies 420, Eternity, War Woo တို့ ဖြစ်ပါတယ်။

 

ဒီတစ်ပတ် ပိတ်ရက်ညနေမှာ လူငယ်တို့ရဲ့ Pop Punk & Grunge ဂီတထုတ်ဖော်မှုတွေကို နားဆင်ပြီး Chill မယ်ဆိုရင်တော့ The Galleria 9 Café & Restaurant @Room က ပွဲလေးကို ရွေးချယ်နိုင်ကြောင်း ဂီတချစ်သူများကို MY Yangon Guide က လမ်းညွှန်ပေးလိုက်ပါတယ်နော် …

 

Jam It က စီစဉ်တဲ့ Pop Punk & Grunge Music ဂီတဖျော်ဖြေတင်ဆက်ပွဲ

⇐ Previous Next ⇒

Read 1964 times