စာရေးဆရာကြီး မြသန်းတင့်သည် ပခုက္ကူခရိုင်၊ မြိုင်မြို့ ဇာတိဖြစ်ပြီး မွေးချင်းခုနှစ်ယောက်ရှိတဲ့အနက် အကြီးဆုံးသားဖြစ်ပါတယ်။ ၁၉၂၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၉၈ ခုနှစ်၊ အသက် ၆၈ နှစ်မှာ ဆုံးပါးခဲ့ပါတယ်။ လူသေဆုံးခဲ့သည်မှာ ၂၅ နှစ်ရှိပြီဖြစ်သော်လည်း နာမည်ကတော့ စာဖတ်ပရိသတ်တွေကြား ရှင်သန်နေဆဲဖြစ်သလို ယခုထိတိုင် ဆရာကြီး၏ စာအုပ်များကို လူကြီး၊ လူငယ်မရွေး တန်ဖိုးထားဖတ်နေကြဆဲဖြစ်ပါတယ်။
မြသန်းတင့်သည် စစ်နှင့်ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ခန်းဆောင်နီအိပ်မက် ကဲ့သို့သော ကမ္ဘာ့ဂန္ထဝင် ဘာသာပြန်စာအုပ်များနှင့် သူ၏ စာဖတ်ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ မြသန်းတင့်ရဲ့ ထင်ရှားသော ပင်ကိုရေးဝတ္ထုများမှာ မေတ္တာအသင်္ချေ၊ လိုက်ခဲ့တော့မြနန္ဒာ၊ အမှောင်ရိပ်ဝယ်၊ ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း၊ နှင်းနု၊ မမ၊ နွံထဲကကြာ၊ ထားကျွန်မလင်၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်၊ လေညင်းနှင့်လရောင်တို့ဖြစ်ပြီး နေထွက်သောည (ပြဇာတ်) ကိုလည်း ရေးသားခဲ့ပါတယ်။
မြသန်းတင့် ရေးသားခဲ့တဲ့ စာအုပ်တွေထဲကမှ အကောင်းဆုံး အမျိုးသားဘာသာပြန်ဆုရ စာအုပ်များနဲ့ ဆရာရဲ့ ထင်ရှားတဲ့စာအုပ်တချို့ကို စာဖတ်သူတွေအတွက် စုစည်းတင်ပြပေးလိုက်ပါတယ်။
အမျိုးသားဘာသာပြန်ဆုရ စာအုပ်များ
စစ်နှင့်ငြိမ်းချမ်းရေး(၁)
စစ်နှင့်ငြိမ်းချမ်းရေး(၂)
လေရူးသုန်သုန် (၁)
လေရူးသုန်သုန် (၂)
ခန်းဆောင်နီအိမ်မက် (၁)
ခန်းဆောင်နီအိမ်မက် (၂)
ခန်းဆောင်နီအိမ်မက် (၃)
ခန်းဆောင်နီအိမ်မက် (၄)
ခန်းဆောင်နီအိမ်မက် (၅)
ခန်းဆောင်နီအိမ်မက် (၆)
ခန်းဆောင်နီအိမ်မက် (၇)
ခန်းဆောင်နီအိမ်မက် (၈)
ခန်းဆောင်နီအိမ်မက် (၉)
သုခမြို့တော်
အချစ်မိုးကောင်းကင်
တခြားထင်ရှားတဲ့ ၀တ္ထုများ
ပါရီကျဆုံးခန်း(၁) - https://bit.ly/3gUNRts
ပါရီကျဆုံးခန်း(၂) - https://bit.ly/34faweA
ပါရီကျဆုံးခန်း(၃) - https://bit.ly/2K24CH8
တောင်သမန်ရွှေအင်းက လေညင်းဆော်တော့(၁)
တောင်သမန်ရွှေအင်းက လေညင်းဆော်တော့(၂)
ရွှေပြည်တော် မျှော်တိုင်းဝေး(၁)
ရွှေပြည်တော် မျှော်တိုင်းဝေး(၂)
ကျွန်တော်ဆက်ရေးချင်သော ဝတ္ထုများ
ချစ်သောယွန်းခင်ခင်
ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်
မှော်ရုံတောမှာ မောလှပြီ
လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ
လေလွင့်သူ
၂၀ ရာစုနှစ် ဂန္တဝင်တတ္ထုတိုများ
တဂိုလ်းဝတ္ထုတိုများ
မမ
Read 1601 times