Things To Do

Kant Kaw Wut Yee Book House 9th Anniversary

Kant Kaw Wut Yee Book House 9th Anniversary

စာအုပ်ချစ်သူများအတွက် သတင်းကောင်း

စာအုပ်တွေကို မူရင်းတိုက်ထုတ်ဈေးကနေပြီး ရာခိုင်နှုန်းတွေ လျှော့ရောင်းပေးမဲ့ ကံ့ကော်ဝတ်ရည်စာအုပ်အိမ် ၉ နှစ်ပြည့် အမှတ်တရစာအုပ်ရောင်းပွဲကို အခုလာမဲ့ သောကြာနေ့ကနေ တနင်္ဂနွေနေ့ထိ ရန်ကုန်မြို့ ရေကျော်လမ်းမမှာ ကျင်းပသွားမှာဖြစ်ကြောင်း ကံ့ကော်ဝတ်ရည်စာပေတိုက်က ကြေညာထားပါတယ်။

ဒီစာအုပ်ဈေးရောင်းပွဲမှာ ကံ့ကော်ဝတ်ရည်စာပေထုတ် စာအုပ်များကို ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ ဈေးလျှော့ရောင်းချသွားမည်ဖြစ်ပြီး အမှတ် ၅၁၊ ရေကျော်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ရှိ ကံ့ကော်ဝတ်ရည်စာအုပ်အိမ်မှာ လာရောက်ဝယ်ယူနိုင်သလို Online ကနေ အိမ်အရောက်မှာယူနိုင်တယ်လို့လည်း ပြောပါတယ်။

စာပေချစ်သူတို့အတွက် စာအုပ်တွေကို လျှော့ဈေးနဲ့ ဝယ်နိုင်တာဟာ ပျော်ရွှင်ကျေနပ်စရာပဲ မဟုတ်ပါလားနော် … ဒီအတွက်ကြောင့် MY Yangon Guide ကနေပြီး ကံ့ကော်ဝတ်ရည်စာအုပ်အိမ် ၉ နှစ်ပြည့် အမှတ်တရစာအုပ်ရောင်းပွဲကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ စာအုပ်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိသလိုသမျှကို ကံ့ကော်ဝတ်ရည်စာပေရဲ့ ဖုန်းနံပါတ် 09250012348 & 09443041137 တို့ကို မေးမြန်းနိုင်တယ်လို့ ကြေညာထားပါတယ်။

 ကံ့ကော်ဝတ်ရည်

မိတ်ဆွေက စာပေချစ်သူတစ်ဦးဆိုရင် ဘာစာအုပ်တွေ ဝယ်ဖို့ စိတ်ကူးထားတာများရှိလဲ။ ကံ့ကော်ဝတ်ရည်စာအုပ်အိမ် ၉ နှစ်ပြည့် အမှတ်တရစာအုပ်ရောင်းပွဲမှာ ဝယ်ယူနိုင်မဲ့ စာအုပ်များရဲ့ စာရင်းကိုတော့ ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/KantKawWutYeePublishing/posts/pfbid0S2JTWdM9SWESMRUMgfFk8q9gMJkQYUH8gc3LVccuWjYss1gfPPuzDDVSLgpzopZql

 

⇐ Previous Next ⇒

Read 1440 times