Entertainment

ချောမောလွန်းတဲ့မျက်နှာကြောင့် လူတွေသေနိုင်သလား ??

Can people die because of their beautiful face?

မျက်နှာကို မြင်လိုက်ရုံနဲ့ လူတွေသေသွားနိုင်တယ်ဆိုတာ ယုံကြည်နိုင်ပါ့မလား??ဘာလို့လဲဆိုတော့ အရမ်းကို တအားချောမောလှပလွန်းတဲ့အတွက် သူ့မျက်နှာကိုမြင်တဲ့ လူကြီး၊လူငယ်၊အမျိုးသား၊အမျိုးသမီး မရွေး သေဆုံးသွားရပါတယ်။ 

 

ဇာတ်လမ်းအကျဥ်းလေးက 

မက်စ်ဟာ မွေးစကတည်းက သေစေနိုင်လောက်တဲ့ မဟားတရားဆွဲဆောင်မှုပြင်းပြနေတဲ့မျက်နှာမျိုးနဲ့ မွေးဖွားလာတာဖြစ်တယ် သူ့မျက်နှာမြင်တာနဲ့ လူတိုင်းဟာအံ့သြမင်သက်ပြီး ဇီဝိန်ကြွေကြရပါတယ်။ ဒါကြောင့် ငယ်ငယ်လေးကတည်းက မျက်နှာမှာပတ်တီးစည်းထားရတဲ့ အထူးအဆန်းကောင်လေးတစ်ယောက်ပေါ့ အဲလက်စ်ဆိုတဲ့ကောင်မလေးနဲ့မဆုံခင်အထိ သူဟာသူ့ရုပ်ရည်ကြောင့် လူတွေဒုက္ခရောက်ရတယ်လို့ပဲ ခံယူထားခဲ့ပါတယ် အဲလက်စ်နဲ့ပဲ သူ့ဘဝမှာတန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေ သင်ခန်းစာတွေရခဲ့တယ်။

 

ဒီလိုနေထိုင်လာခဲ့တဲ့ တစ်လျောက်မှာ သူ့မျက်နှာကိုမြင်ပြီး သေဆုံးရတဲ့ သူတွေများလာပြီး မတော်တဆမှုတွေ ပိုဖြစ်လာတဲ့အခါမှာ ဘယ်လိုအခက်ခဲတွေ ရင်ဆိုင်သွားရမလဲဆိုတာComedy Drama ဆန်ဆန်ကြည့်ရှုကြရမယ့် ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။

 

 

⇐ Previous Next ⇒

Read 3171 times