Health & Beauty

What foods should be fed to help children grow faster?

What foods should be fed to help children grow faster?

ကလေးငယ်တွေဟာ လူကြီးတွေထက်ကို ပိုပြီး စွမ်းအင်နဲ့ ဗီတာမင်ဓာတ်တွေကို ပိုလိုအပ်ပါတယ်။ အသက် (၂)နှစ်နဲ့ (၁၂)ကြားမှာ ကလေးငယ်တွေဟာ ဖွံ့ဖြိုးတိုးတက်မှုတွေ စတင်ဖြစ်ပေါ်နေပါပြီ။ဒါကြောင်မို့လို့ ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားတဲ့အနေနဲ့  အစာရွေးချယ်ရာမှာ ဂရုတစိုက်ရှိဖို့လိုပါတယ်။ 

ကြက်ဥ

ကြက်ဥမှာ ပရိုတိန်းနဲ့  ဗီတာမင်တွေ ပေါများစွာပါဝင်ပါတယ်။ ဒါအပြင် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဓာတ်သတ္တုတွေလည်း ပါဝင်ပါသေးတယ်။ပြုတ်ပြီး ဖြစ်စေ၊ ကြော်ပြီးတော့ပဲ ဖြစ်ဖြစ် ဟင်းရည်ပဲဖြစ်ဖြစ် လုပ်ကျွေးလို့ရပါတယ်။ 

 

စတော်ဘယ်ရီ

စတော်ဘယ်ရီသီးမှာ ဗီတာမင်စီ၊ antioxidants တွေကြွယ်ဝစွာပါဝင်ပါတယ်။ကိုယ်ခံအားကိုမြှင့်တင်ပေးတဲ့အပြင် ဒဏ်ရာအနာတရ ဖြစ်တာတွေကိုလည်း လျင်လျင်မြန်မြန် ပျောက်ကင်းစေနိုင်ပါတယ်။ ရေခဲမုန့်မှာ ထည့်ကျွေးတာမျိုး ဒိန်ချဥ်နဲ့ ကျွေးတာမျိုးလုပ်လို့ရပါတယ်။ 

 

ငါး

ငါးမှာလည်း ပရိုတိန်းပါဝင်တာကြောင့် အရိုးတွေနဲ့ကြွက်သားတွေ ကျန်းမာအောင် ကူညီပေးပါတယ်။ ဆယ်မွန်ငါး၊တူနာငါးလိုမျိုး Omega 3 ကြွယ်ဝတဲ့ငါးတွေဟာဆိုရင် မျက်စိနဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါတယ်။ထမင်းနဲ့ ငါးနဲ့နယ်ပြီး ငါးထမင်းလုပ်လို့ရသလို ဆူရှီနဲ့ ငါးအသားလုံးလေးတွေလည်း လုပ်လို့ရပါသေးတယ်။

 

⇐ Previous Next ⇒

Read 4137 times