Travel

The world largest cities by population

The world largest cities by population

ယနေ့ခေတ် ကမ္ဘာမှာ လူဦးရေ အဆမတန် တိုးလာနေတဲ့အတွက်ကြောင့် ကမ္ဘာ့လူဦးရေဟာလည်း ၈ ဘီလီယံ ကျော်သွားပြီဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၅၆.၂ ရာခိုင်နှုန်းက မြို့ပြတွင် နေထိုင်ကြတာဖြစ်ပါတယ်။ ဒီလိုမျိုး ကမ္ဘာ့လူဉီးရေရဲ့ ထက်ဝက်ကျော်က မြို့ပြတွင် နေထိုင်ကြတဲ့အခါ မြို့ပြနေ လူဦးရေက တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာနေပါတယ်။ ၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရရဲ့ ၇၀ ရာခိုင်နှုန်းက မြို့ပြတွင် နေထိုင်ကြလိမ့်မယ်ဟု ပညာရှင်များက ခန့်မှန်းထားကြပါတယ်။

ဒါကြောင့် မြို့ကြီးများဟာ မီဂါစီးတီး (Mega City) များအဖြစ် ပြောင်းလဲကြီးထွားလာကြပြီး တိုးနေတဲ့ မြို့ပြလူဦးရေကို လက်ခံပေးနေနိုင်ကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရ မီဂါအဆင့် မြို့ကြီးတစ်မြို့မှာ လူဦးရေ ၁၀ သန်းနှင့် အထက်ရှိတယ်လို့ သိရပါတယ်။

အခုလက်ရှိ ကမ္ဘာမှာ မီဂါစီတီး (၃၇) မြို့ရှိနေပြီး ၂၀၃၀ ခုနှစ်တွင် (၄၁) မြို့အထိ ရောက်ရှိလာနိုင်တယ်ဟု ခန့်မှန်းထားကြပါတယ်။

WorldAtlas မှ ထုတ်ပြန်ထားတဲ့ ၂၀၂၂ ခုနှစ်ရဲ့ လူဦးရေအရ ကမ္ဘာ့အကြီးဆုံးမြို့ကြီး (၁၀) မြို့ စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တိုကျို (ဂျပန်) - 37,274,000

(၂) ဒေလီ (အိန္ဒိယ) - 32,065,760

(၃) ရှန်ဟိုင်း (တရုတ်) - 28,516,904 

(၄) ဒါကာ (ဘင်္ဂလားဒေ့ရှ်) - 22,478.116

(၅) ဆောပေါလို (ဘရာဇီး) - 22,429,800

(၆) မက္ကဆီကိုစီးတီး (မက္ကဆီကို) - 22,085,140

(၇) ကိုင်ရို (အီဂျစ်) -  21,750,020

(၈) ပေကျင်း (တရုတ်) - 21,333,000

(၉) မွမ်ဘိုင်း (အိန္ဒိယ) - 20,961,472

(၁၀) အိုဆာကာ (ဂျပန်) - 19,059,856

 

Next ⇒

Read 4810 times