Things To Do

Six ways to save on electricity and prevent fire hazards

 Six ways to save on electricity and prevent fire hazards

အခုကာလမှာ မီးပြတ်တာကြောင့် မီးအားအတက်အကျများပြီး မီးပြန်လာတဲ့အခါမှာ မီးအားဆောင့်တက်တာတို့ ဖြစ်လာတတ်ပါတယ်။ အဲ့ဒါတွေကြောင့် မီးဘေးအန္တာရာယ် အတွက်လည်း စိုးရိမ်စရာတစ်ခု ဖြစ်နေပါတယ်။

မီးဘေးအန္တာရာယ်ကိုလည်း ကာကွယ်ရင်း မီတာခလည်းသက်သာအောင် လျှပ်စစ်မီးကို ဘယ်လိုချွေတာရမလဲဆိုတဲ့ နည်းလမ်းလေး ၆ ခုကို မျှဝေပေးချင်ပါတယ်ရှင်။

 ၁။ မီးသီး/မီးချောင်းတွေကို စစ်ဆေးပါ

မီးသီးတွေ အားလုံးက စွမ်းအင်သုံးစွဲမူ တူကြတာမဟုတ်ပါဘူး။ တချို့ မီးသီးဒီဇိုင်းတွေ အလှဆင်မီးသီးတွေက မီးအားကိုအရမ်းစွဲတတ်ပါတယ်။ ဧည့်ခန်းတွေ ခန်းမတွေမှာ မီးသီးတွေ အလှဆင်တာဟာ ခဏတာ ပွဲအခမ်းအနားကျင်းပမူတွေအတွက်သာ အဆင်ပြေပေမယ့် ဝပ်အားများတဲ့အတွက် နေ့စဉ်အသုံးပြုဖို့တော့ မသင့်တော်ပါဘူး။

ဒါကြောင့် မီးသီးများကို ဝပ်အားနည်းတဲ့ မီးသီးဒီဇိုင်းများကိုသာ ရွေးချယ်ဝယ်ယူပြီး ဒီဇိုင်းဆင်မယ်ဆို မီတာခကိုချွေတာရာရောက်သလို မီးအားလွန်ပြီး မီးဘေး အန္တရာယ်ဖြစ်ခြင်းကို ကာကွယ်ရာ ရောက်ပါတယ်။

 ၂။ စက်ပစ္စည်းများကို ပလပ်ဖြုတ်ဖို့ မမေ့ပါနဲ့။

စက်ပစ္စည်းတွေကို အသုံးပြုပြီးပါက ပလပ်ဖြုတ်ဖို့ကို သတိရပါ။ တခါတလေမှာ ဖုန်းအားသွင်းပြီးမေ့နေတာတို့ မီးပူ၊ လျှပ်စစ် မီးဖို၊  ဆံပင်မှုတ်စက်/ကောက်ဖြောင့်စက် ၊ ပန်ကာနဲ့ အခြား အိမ်သုံး ၊ရုံးသုံး ၊ စက်ရုံသုံး ပစ္စည်းတွေကို အသုံးပြုပြီးတာနဲ့ ပြန် စစ်ဆေးပါ။ သတိမမူမိဘဲ ကြိုးတန်းလန်းနဲ့ ထားမယ်ဆို မီတာလည်းတက်နေမှာ ဖြစ်သလို မတော်တဆ မီးပျက်ပြီး ပြန်လာတဲ့အခါမှာ ဒါတွေကနေ ရှော့ခ်ဖြစ်နိုင်ပါတယ်။

248 Electric Plug Outlet Pulling Electricity Stock Photos, Pictures &  Royalty-Free Images - iStock

 ၃။ မီးတွေကိုပိတ်ထားပါ။

နေ့လည်၊ နေခင်း နေသာတဲ့နေ့တွေနဲ့ အလင်းရောင်ရနေချိန်တွေဆို လျှပ်စစ်မီးချောင်/မီးသီးတွေကိုမဖွင့်ပါနဲ့ ။ မီးသီးတွေ/မီးချောင်းတွေကို လိုအပ်မှသာဖွင့်ပါ။ ဒါဟာ မီတာကိုချွေတာရာရောက်ပါတယ်။

မီးသီး၊မီးချောင်းတွေကို အိမ်သာ၊ ရေချိုးခန်းနဲ့ အလင်းမရတဲ့ အခန်းတွေအတွက် လိုအပ်လို့ဖွင့်ပြီးပါက ပြန်ပိတ်ဖို့ မမေ့ပါနဲ့၊ ဒါ့အပြင် မီးပြတ်သွားတာနဲ့ ဗို့အားနည်းတဲ့ မီးသီးတစ်လုံးလောက်သာ ဖွင့်ထားပြီး ကျန်မီးသီးနဲ့ မီးချောင်းတွေကို ပိတ်ထားပေးပါ။မီးပြတ်နေချိန် အပြင်သွားရင် မီးခလုတ်တွေကို စစ်ဆေးပြီးမှသာ ထွက်ပါ။ 

How To Save Electricity in Singapore | Senoko Energy - Senoko Energy

 ၄။မီးဖိုချောင်ကို စစ်ဆေးပါ။

 များသောအားဖြင့် အိမ်ရှင်မတွေဟာ ထမင်းအိုးတည်တဲ့အခါမှာ တည်ထားပြီး ကိုယ်လုပ်စရာရှိတာ သွားလုပ်နေကြတာများပါတယ်။ ထမင်းအိုးဟာ အချိန်အတိုင်းအတာတစ်ခု ကြာမြင့်တာမှန်ပေမယ့် ထမင်းကကျက်တာကို သတိတော့ထားသင့်ပါတယ်။ ထမင်းကျက်သွားလည်း လျှပ်စစ်က စီးနေမှာ ဖြစ်တာကြောင့် မီတာခပိုမိုကုန်နေမှာပါပဲ ထမင်းကျက်ပြီဆို ဆက်ဖွင့်မထားပဲ ပိတ်သင့်ပါပြီ။

ဒါ့အပြင် မီးဘေးအန္တာရာယ် အဖြစ်အများဆုံးက မီးဖိုချောင်က စတင်တာပါပဲ။ တစ်ခါတစ်ရံဆို လျှပ်စစ်ဟင်းအိုးတည်ထားရင်း အိပ်ပျော်သွားချိန်၊ ဟင်းအိုးတည်နေချိန် ရုတ်တရက် မီးပျက်သွားလို့ ပိတ်ဖို့မေ့နေချိန်၊ မီးခလုတ်မပိတ်မိပဲ အပြင်ထွက်မိချိန်တွေမှာ ဒါတွေဟာ မီးဘေးအန္တာရာယ်ကို ဖိတ်ခေါ်မူ ဖြစ်နေမှာပါ။

 ၅။ အိမ်သုံး လျှပ်စစ်ပစ္စည်းသုံးစွဲမူကို လျော့ချပါ။

 အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို မသုံးခိုင်းတာမဟုတ်ပဲ တတ်နိုင်သလောက် လျော့ချခိုင်းတာပါ။ ရေခဲသေတ္တာ ကိုအအေးလွန်ကဲစွာမထားပဲ အသီးအရွက်နဲ့ နို့ထွက်ပစ္စည်း ထည့်ထားတဲ့ အလွှာတွေကို အနိမ့်ဆုံးဒီဂရီထားပြီး အသားငါး အလွှာများကို အတော်အသင့်သာ ထားပေးပါ။အဝတ်လျော်စက်ကိုလဲ ဖြစ်နိုင်ရင် ခဏခဏ အသုံးမပြုပဲ အဝတ်အစားများကိုစုလျှော် ခြင်းဖြင့် မီးအားချွေတာပါ။

TV ကိုလည်း တနေကုန် ဖွင့်ထားတာ မဟုတ်ပဲ ခဏအနားပေးပြီးဖွင့်ပါ။ TV ကြည့်နားတဲ့ အချိန် စာဖတ်ပါ၊ ဝါသနာပါရာ လက်မူပညာရပ်တစ်ခုကို လုပ်ပါ။ အခုလို လျော့ချခြင်းက မီတာခကိုလည်းချွေတာနိုင်သလို မီးဘေးအန္တာရာယ်မှလည်း ကာကွယ်နိုင်ပါတယ်။

 ၆။ နေ့လည်နေ့ခင်းပြတင်းပေါက်တံခါးများကို ဖွင့်ထားပေးပါ။

ဒီလို ပြတင်းပေါက်တွေ ဖွင့်ထားပေးခြင်းက လေကောင်းလေသန့် ရနိုင်သလို အလင်းရောင်လည်း ရနိုင်ပါတယ်။လျှပ်စစ်မီးချောင်း၊ ပန်ကာနဲ့ အဲယားကွန်းတွေ အသုံးပြုမူ ချွေတာနိုင်တာပေါ့။ 

Could Opening Your Windows Help Prevent the Spread of Coronavirus? |  EatingWell

အခုပြောပြပေးတဲ့ အချက်လေးတွေ လိုက်နာရင်း လက်တလောလျှပ်စစ်မီတာ ကျသင့်မူများလာတာ လျော့ချခြင်းနှင့် မီးပြတ်မူကြောင့် ဖြစ်လာတဲ့ မီးဘေးအန္တာရာယ်များကို ကာကွယ်နိုင်မူတို့အတွက် အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်မိပါတယ်ရှင်။ အားလုံး နွေရာသီကူးပြောင်းချိန် ရောက်လာပြီ ဖြစ်တာကြောင့် မီးဘေးအန္တာရာယ် ကာကွယ်နိုင်ကြပါစေ။

⇐ Previous Next

Read 1231 times