မြန်မာနိုင်ငံမှာ လူတော်တော်များများက သွေးတိုး (သွေးတိုး) ဟာ သက်ကြီးရွယ်အိုတွေကိုသာ သက်ရောက်မှုရှိတယ်လို့ ယူဆတတ်ကြပါတယ်။ လက်တွေ့မှာတော့ သွေးတိုးခြင်း ဆိုတာဟာ မြန်မာနိုင်ငံရဲ့ လူလတ်ပိုင်းတွေမှာပါ များပြားစွာတွေ့ရှိလာရတဲ့ ဝေဒနာတစ်ခုလည်း ဖြစ်ပါတယ်။
သွေးတိုးရောဂါက ထင်ရှားပြီး ရှင်းလင်းတဲ့ လက္ခဏာများကို ကြီးကြီးမားမား ဒဏ်တစ်ခုခု မဖြစ်မချင်း ( ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးရောဂါရခြင်း ) မပြတတ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ သွေးတိုးရောဂါရှိသူအများစုက ရှိမှန်း မရိပ်မိတာမျိုးတွေ အဖြစ်များပါတယ်။
ဒါကြောင့်လည်း သွေးတိုးရောဂါကို Silent Killer လို့ ခေါ်ဝေါ်ကြတာလည်း ဖြစ်ပါတယ်။ ဒါဆို မြန်မာနိုင်ငံမှာ ဘာကြောင့် သွေးတိုးဖြစ်ကြသလဲ ?
မြန်မာနိုင်ငံမှာ အဓိက ဘာကြောင့် Hypertension ဖြစ်သလဲလို့ မေးမယ်ဆိုရင် -
မြန်မာနိုင်ငံရှိ လူအများစုက တစ်နေ့တာလှုပ်ရှားမှု အလွန်နည်းတတ်ခြင်း
မြန်မာ့လူမျိုးတွေရဲ့ တစ်နေ့တာ Diet မှာ အာဟာရနည်းပြီး ဆားပါဝင်မှု အရမ်းများတဲ့ အစားအသောက်များ သုံးဆောင်တတ်ခြင်း ( ငပိရည်၊ အသုပ်စုံ )
အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ စိတ်ဖိစီးတွေကို သေချာမထိန်းချုပ်တတ်ခြင်း
သွေးတိုးရောဂါအကြောင်း အသိနည်းရာကနေ ဖြစ်လာတဲ့ လက္ခဏာတွေကို လျစ်လျူရှုမိခြင်း
သွေးပေါင် ချိန်လေ့ချိန်ထ မရှိခြင်း အစရှိတဲ့ အချက်တွေကြောင့် မြန်မာနိုင်ငံမှာ သွေးတိုးရောဂါရှိသူများကို တဖြည်းဖြည်းနဲ့ ပိုမိုတွေ့ရှိလာရတာပဲ ဖြစ်ပါတယ်။
ဒါဆို သွေးတိုးရောဂါနဲ့ ကင်းအောင် ဘယ်လိုနေထိုင်ရမလဲ ?
သွေးတိုးရောဂါနဲ့ အဝေးဆုံးမှာ နေနိုင်ဖို့ဆိုရင်တော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ စုံစုံလင်လင် ပါဝင်တဲ့ အစားအစာများကို မျှတအောင် စားပါ၊ အရက်သေစာနဲ့ ဆေးလိပ်သောက်ခြင်းကို တတ်နိုင်သမျှ ထိန်းပြီး အိပ်ရေးကိုလည်း (၇) နာရီနဲ့ အထက် အမြဲအိပ်ပေးပြီး စိတ်ဖိစည်းမှု လျှော့ချနိုင်တဲ့ နည်းလည်းတွေ ဖြစ်တဲ့ အသက်ရှုလေ့ကျင့်ခန်းတွေနဲ့ တရားထိုင်တဲ့ အလေ့အကျင့်မျိုးကိုလည်း ပိုမို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
အကယ်၍ ကိုယ့်သွေးတိုးရောဂါက ဆေးကူဖို့ လိုအပ်ပြီဆိုရင်လည်း သတ်မှတ်ထားတဲ့ ဆေးဝါးတွေကို သုံးစွဲပြီး သွေးပေါင်ချိန်ကိုလည်း ပုံမှန်စစ်ဆေးခြင်းနဲ့ သွေးတိုးရောဂါကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။
Read 30 times