Health & Beauty

Five things to do if you are stressed and can't sleep

Five things to do if you are stressed and can't sleep
စိတ်ဖိစီးတယ်။ စိတ်ဖိစီးတယ်ဆိုတာကို ဖိစီးနေမှန်း ကိုယ်တိုင် မသိခင် မှာတင် စိတ်က အတော်လေး ဖိစီးနေပါပြီ။ ဒီလို ဖိစီးတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတော့ အလိုလိုနေရင်း စိတ်တိုလာမယ်။ စိတ်တိုင်းမကျတာတွေ များလာမယ်။ အရာရာကို အမြင် မကြည်တာမျိုး ဖြစ်လာမယ်။ဒီလိုကနေ ရေရှည်မှာ နာမကျန်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် စိတ်အရမ်းဖိစီးနေရင်တောင် အိပ်ရေး ဝအောင် အိပ်ပြီး သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
 
စိတ်ငြိမ်နိုင်မယ့် အလုပ်တွေ အကုန်လုပ်ပါ
တစ်ယောက်နဲ့ တစ်ယောက် စိတ်ငြိမ်စေတဲ့ အလုပ်တွေ မတူပါဘူး။ တချို့ကလည်း စာအုပ်ဖတ်ရမှ၊ တချို့ကလည်း သီချင်းနားထောင်ရမှ စသဖြင့် အကျင့်အမျိုးမျိုး ရှိပါတယ်။ ကိုယ့်ကို စိတ်တည်ငြိမ်စေမယ့်၊ အာရုံလွှဲနိုင်မယ့် အလုပ်တစ်ခုခုကို မအိပ်ခင် ၁၅မိနစ်လောက်လုပ်ပါ။
ဖုန်းတွေ၊ TVတွေကို ရပ်ပါ
ဒါကျ ပြောရအခက်သား။ အဓိကက ဖုန်းသုံးတာပါ။ လူတိုင်း ဖုန်းသုံးပြီး တက်လာသမျှသတင်းတွေကို ကြည့်နေကြတာဆိုတော့ မသုံးအောင် နေဖို့ ခက်ပါတယ်။ ကောင်းတာကတော့ မအိပ်ခင်မှာ ဖုန်းနဲ့ ကိုယ်နဲ့ ဝေးနိုင်သမျှ ဝေးအောင်ထားလိုက်ပါ။ ပြီးရင် အာရုံလွှဲစရာ တစ်ခုခု လုပ်နေလိုက်ပါ။
 
တရားထိုင်ပါ
တရားထိုင်တာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး အိပ်ရေး ဝဝအိပ်ပျော်စေပါတယ်။
 
ရေနွေးနွေးလေးနဲ့ ရေချိုးပါ
ခုနက ဖုန်းမသုံးဖြစ်အောင် အာရုံလွှဲဖို့ အကောင်းဆုံးက ရေထချိုးလိုက်တာပါ။ ရေနွေးလေးနဲ့ ချိုး၊ အဝတ်အစားလေးလဲ၊ ရေမွှေးကြိုက်တဲ့သူက ရေမွှေးလေး စွတ်ပြီး အိပ်ဖို့ ပြင်လိုက်ရင် စိတ်ညစ်တာတွေ ပြေပျောက်ပြီး အိပ်ဖို့ ပိုလွယ်ပါတယ်။
 
အိပ်ပျော်သွားပြီလို့ ပုံဖော်ကြည့်ပါ
မျက်လုံးလေးမှိတ်ပြီး အိပ်ပျော်သွားပြီလို့ တွေးကြည့်လိုက်ပါ။ နိုးလာရင် ဘာလုပ်မယ်ဆိုတာကိုပါ စိတ်ကူးယဉ်ပြီး အိပ်ကြည့်ပါ။ တစ်နေ့တာ အလုပ်လေးတွေကိုပေါ့။ ဒါဆိုရင် ပီတိတွေနဲ့ တဖြည်းဖြည်း အိပ်ပျော်သွားပါလိမ့်မယ်။
 
⇐ Previous Next

Read 1673 times