Health & Beauty

Benefits of Chicken Skin that we don't know

Benefits of Chicken Skin that we don't know

by Win May May Htay

လူတော်တော်များများက ကြက်ကြော်၊ ကြက်ကင်၊ ကြက်သားဟင်းတွေ စားကြတဲ့အခါ အသားတွေကို စားကြပေမယ့် အရေခွံကိုတော့ ဖယ်လေ့ရှိကြပါတယ်။ အထူးသဖြင့် ကြက်သားဟင်းတွေ ဆိုရင်ပေါ့။ တစ်ချို့ကလည်း ကြက်အရေခွံစားရင် ဝိတ်တတ်တယ်၊ ကျန်းမာရေးနဲ့ မညီညွှတ်ဘူး၊ အဆီတအားများလို့ မစားချင်ဘူးလို့ ဆိုကာ ငြင်းလေ့ရှိကြပါတယ်။

တစ်ကယ်တော့ ကြက်အရေခွံဟာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး နှလုံးအတွက် အင်မတန်ကောင်းမွန်စေတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ တွေ့ရှိချက်မှာဆိုရင် ကြက်အရေခွံမှာ  ပါဝင်တဲ့ အဆီအများစုဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အဟာရဓာတ်များစွာ ပါဝင်ပြီး တစ်ချို့လူတွေ စိုးရိမ်နေကြသလိုမျိုး အရေခွံမှာ ပါဝင်တဲ့ အဆီကြောင့် နှလုံးရောဂါနဲ့ အဝလွန်ခြင်း ဖြစ်မှာကိုလည်း ပူစရာမလိုပါဘူးနော်။

ကြက်အရေခွံမှာ ပါရှိတဲ့ အဆီဟာ ကိုလက်စထော (Cholesterol) နဲ့ သွေးဖိအား (Blood Pressure) ကို ထိန်းညှိပေးနိုင်တဲ့အတွက် ကျန်းမာရေးအတွက် ပိုလို့တောင် သင့်တော်ပါသေးတယ်။ ဒါ့အပြင် ကြက်အရေခွံက ကြက်သားရဲ့ အရသာကို ပိုတိုးအောင် လုပ်ပေးတာမို့လို့ ဟင်းချက်တဲ့အခါ ဆား၊ အချိုမှုန့် အများကြီး ထည့်စရာမလိုဘဲ ကြက်သားရဲ့ နဂိုမူလအချိုဓာတ်က ပြည့်ဝပြီးသား ဖြစ်နေမှာပါ။

နောက်ပြီး ကြက်သားကြော်၊ ကြက်သားဆီပြန် စသဖြင့် ချက်ပြုတ်တဲ့ အခါမှာလည်း ကြက်သားထဲ ဆီတွေ စိမ့်ဝင်သွားတာမျိုး မဖြစ်အောင် အရေခွံကို လုံးဝ မဖယ်သင့်ပါဘူးနော်။

ဒါပေမဲ့ တန်ဆေးလွန်ဘေး ဆိုသလိုပဲ ကြက်သားနဲ့ ကြက်အရေခွံမှာ ခန္ဓာကိုယ် ရောင်ရမ်းမှုကို ဖြစ်စေတဲ့ Omega-6 ပါဝင်တာကြောင့် အလွန်အကျွံစားမိရင်တော့ ဘေးဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အများကြီး မစားမိအောင် သတိလေးထားပြီး စားသုံးသင့်ပါတယ်နော်။

Sourece from www.insider.com

⇐ Previous Next ⇒

Read 3818 times