Travel

A place to escape the hustle and bustle of the city

A place to escape the hustle and bustle of the city

လူတိုင်းလူတိုင်းဟာ အခုဆိုရင် အိမ်ထဲမှာ ပိတ်လောင်နေရတာ အရမ်းကိုကြာနေပြီမဟုတ်လား?

မြို့ထဲကနေဆို (၁) နာရီလောက် ကားမောင်းရုံနဲ့ကိုရတဲ့ အနီးဆုံးတောအုပ်ကြီးလို့ ပြောလို့ရတဲ့ လှော်ကားဥယျာဥ်မှာ ဘယ်လို အစီအစဥ်အသစ်တွေ ရှိလဲဆိုတာ ပြောပြပေးသွားပါမယ်။ အခုအချိန်ဟာ ဆောင်းတွင်းအချိန်အခါမို့လို့ ဆောင်းခိုငှက်တွေကို ကြည့်လို့ရနိုင်တဲ့ အစီအစဥ်လေးတစ်ခု ရှိပါတယ်တဲ့။ 

 

 

ဆောင်းခိုငှက်ဆိုတာဘာလဲ?

ဆောင်းခိုငှက်ဆိုတာ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲကြောင့် အလွန်အေးတဲ့ဒေသတွေကနေ ပူနွေးတဲ့ ဒေသတွေကို ခဏလာရောက်ရွေ့ပြောင်းနေထိုင်ကြတဲ့ ငှက်လေးတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဆောင်းခိုငှက်တွေ လာရောက်နေထိုင်ကြတဲ့ နေရာတွေများစွာရှိပြီး လှော်ကားဥယျာဥ်ဟာလည်း ဒီထဲကတစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီဆောင်းခိုငှက်လေးတွေကို မှန်ဘီလူးလေးထဲကနေ ချောင်းကြည့်နိုင်ပြီး မမြင်ဖူးတဲ့ ငှက်မျိုးစိတ်တွေကို သိရှိနိုင်ယုံသာမက သူတို့ရဲ့ ဂေဟစနစ် ဆက်စပ်ပုံ ပတ်ဝန်းကျင်မှာ ဘယ်လိုနေထိုင်ကြလဲဆိုတာတွေကို သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။

 

ငှက်လေးတွေပဲ ကြည့်လို့ရတာလား?? မဟုတ်ပါဘူး Camp လေးတွေချလို့ရသလို မနက်စာတွေ၊နေ့လည်စာတွေကိုလည်း မှာစာလို့ရသေးတယ်နော်။ နာမည်လေးတွေကလည်း ဆန်းတယ်ဗျ “လယ်တော Menu” နဲ့ “BBQ Menu”  တဲ့ ဘယ်နှစ်ယောက်စားလို့ရလဲဆိုရင် (၅) (၁၀) (၁၅) ယောက်အထိ စားလို့ရတယ်တဲ့။ လာမယ်ဆိုရင်တော့ မနက် (၆) အရောက်လာပြီး ညနေ (၄) နာရီဆို ပြန်ထွက်ရမှာဆိုတော့ သွက်သွက်လေးတော့လုပ်ရမယ်နော်။

 

ဒါ့အပြင် ဆောင်းခိုငှက် လာရောက်ကြည့်ရှုသူတစ်ဦးချင်းစီအတွက် FMI နဲ့ပေါင်းပြီးတော့ အာမခံကြေး ထပ်မံ ပေးရန်မလိုအပ်ဘဲ ကိုယ်အင်္ဂါထိခိုက်မှု အာမခံထားပေးဦးမှာပါ။ဒီလိုအာမခံ ထားပေးထားတာမို့လို့  ဆောင်းခိုငှက် ကြည့်ရင်းနဲ့ တစ်စုံတစ်ခု ဖြစ်ခဲ့ရင် အကာအကွယ်

ရသွားမှာပါ။ 

 

 

စက်ဘီးစီးချင်တယ်ဆိုရင်လည်း တစ်ယောက်ကို (၁၅,၀၀၀) ပေးပြီး Member Card လုပ်နိုင်ပါတယ်။Member Card နဲ့ဆိုရင် သုံးလအတွင်း (၁၀) ခေါက်အထိ စီးနင်းနိုင်မှာပါ။ စီးရမယ့် အချိန်တွေကတော့ နံနက် (၆) နာရီကနေ (၈) နာရီအတွင်းဖြစ်ပြီး ကိုယ်ပိုင်စက်ဘီး ယူလာရပါမယ်။  

⇐ Previous Next

Read 1657 times