Travel

ဘန်ကောက် (သို့) ဖူးခက်သွားမယ်ဆိုရင် ရွေးချယ်နိုင်မယ့် လေကြောင်းလိုင်း (၈) ခု

ဘန်ကောက် (သို့) ဖူးခက်သွားမယ်ဆိုရင် ရွေးချယ်နိုင်မယ့် လေကြောင်းလိုင်း (၈) ခု

ထိုင်းနိုင်ငံကို အလည်အပတ် သွားရောက်လိုသူတွေ၊ အလုပ်ကိစ္စနဲ့ သွားရမယ့်သူတွေ၊ ကျန်းမာရေးကြောင့် သွားဖို့ အစီအစဉ် ရှိတဲ့သူတွေအတွက် ရန်ကုန်ကနေ ဘန်ကောက် (သို့) ဖူးခက်ကို ပျံသန်း ပြေးဆွဲပေးနေတဲ့ လေကြောင်းလိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

လေကြောင်းလိုင်း တစ်ခုချင်းစီအကြောင်း၊ လက်ရှိ ပျံသန်း ပြေးဆွဲနေတဲ့ ခရီးစဉ်လမ်းကြောင်းတွေအပြင် ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်၊ အီးမေးလ်နဲ့ လိပ်စာတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ 

 

လေယာဉ်ချိန်တွေ၊ ထိုင်ခုံနေရာတွေနဲ့ ဈေးနှုန်းတွေကတော့ အချိန်နှင့်တပြေးညီ ပြောင်းလဲနိုင်တဲ့အတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းတွေရဲ့ Website Link ကနေတစ်ဆင့် Up-to-dated အသေးစိတ် ကြည့်ရှု လေ့လာလို့ ရပါတယ်။

 

၁။ Myanmar Airways International 

 

၁၉၉၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော Myanmar Airways International (MAI) သည် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး ရန်ကုန်မြို့တွင် ရုံးချုပ် တည်ရှိသည်။ ပြည်တွင်းခရီးစဉ်များအပြင် ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံများရှိ မြို့များသို့လည်း ပျံသန်း ပြေးဆွဲလျက် ရှိသည်။

 

Yangon → Bangkok

Yangon → Phuket

ခရီးစဉ်အားလုံး ကြည့်ရန်

 

ဆက်သွယ်ရန်

01-9670014, 01-9670033, 01-9670038, 01-9670007

marketing@maiair.com 

88, Pyay Rd., IBC, Ward (11), Hlaing, Yangon , Myanmar

ရုံးခွဲများ ကြည့်ရန်



၂။ Myanmar National Airline

 

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) သည် ရန်ကုန်မြို့တွင် အခြေစိုက်သော နိုင်ငံပိုင် လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ပြည်တွင်းခရီးစဉ်များနှင့် အာရှဒေသတွင်း ခရီးစဉ် အားလုံးနီးပါးကို ပျံသန်း ပြေးဆွဲသည်။ 

 

Yangon → Bangkok

Yangon → Phuket

ခရီးစဉ်အားလုံး ကြည့်ရန်

 

ဆက်သွယ်ရန်

01-377840~1, 01-378603 [Call Center], 01-378604 Call Center], 01-378608, 01-371587,  01-378606, 01-373828, 01-377842, 01-378608

contactus@flymna.com 

104,Strand Rd. Kyauktada, Yangon , Myanmar



၃။ Thai Airways 

 

Thai Airways သည် ၁၉၆၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော ဘန်ကောက်အခြေစိုက် နိုင်ငံပိုင် လေကြောင်းလိုင်း ဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံများနှင့် ဥရောပ အရှေ့အလယ်ပိုင်း နိုင်ငံများကို အဓိကထား ပျံသန်း ပြေးဆွဲပြီး ပြည်တွင်းပြည်ပ ခရီးစဉ် စုစုပေါင်း (၆၀) ကျော် ရှိသည်။

 

ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း

Yangon → Bangkok

ခရီးစဉ်အားလုံး ကြည့်ရန်

 

ဆက်သွယ်ရန်

01-9345210~214

rsvn@thaiairways.com.mm

11th Flr, Myanmar Center Tower (1), Bahan, Yangon, Myanmar

 

၄။ Thai Smile

 

၂၀၁၁  ခုနှစ်တွင် တည်ထောင်ခဲ့သော Thai Smile သည် Thai Airways မှ ခွဲထုတ်လိုက်သော လေကြောင်းလိုင်း ဖြစ်သည်။  ထိုင်းနိုင်ငံတွင်း ခရီးစဉ် (၁၂) ခုနှင့် မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်ဝမ်၊ လာအို၊ မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံရှိ မြို့များသို့ ပြည်ပခရီးစဉ် (၁၉) ခုကို ပြေးဆွဲ ပျံသန်းသည်။ 

 

ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း

Yangon → Bangkok

ခရီးစဉ်အားလုံး ကြည့်ရန်



၅။ Bangkok Airways

 

Bangkok Airways သည် ၁၉၆၈ ခုနှစ်တွင် တည်ထောင်ခဲ့သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် လေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး အဓိက အခြေစိုက်စခန်းမှာ သုဝဏ္ဏဘူမိလေဆိပ် ဖြစ်သည်။ မြန်မာအပါအဝင် အာဆီယံနိုင်ငံများ ဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ လာအို၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံများရှိ မြို့များကို အဓိက ပျံသန်း ပြေးဆွဲသည်။ 

 

ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း

Yangon → Bangkok

ခရီးစဉ်အားလုံး ကြည့်ရန်

 

ဆက်သွယ်ရန်

01-255122,  01-255265

rgnrrpg@bangkokair.com 

339, Rm 0305, 3rd Flr, Bogyoke Aung San Rd., Sakura Tower, Kyauktada, Yangon , Myanmar

 



Click Here > Ye Optical

 

၆။ Air Asia

 

၁၉၉၃ ခုနှစ်က စတင် တည်ထောင်ခဲ့သော Air Asia လေကြောင်းလိုင်းသည် မလေးရှားနိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး ကွာလာလမ်ပူမြို့တွင် ရုံးစိုက်သည်။  မြန်မာနှင့် အာရှနိုင်ငံများ အပါဝင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ မြို့ပေါင်း (၁၆၅) မြို့ကျော်သို့ ပြည်တွင်းပြည်ပ ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက် ရှိသည်။

 

Yangon → Bangkok

ခရီးစဉ်အားလုံး ကြည့်ရန်

 

ဆက်သွယ်ရန်

09-254049991,  09-254049992, 09-254049993

atsc.ygn@asiaglobaltours.com 

Rm 103, 1st Flr, La Pyi Wun Plaza, Dagon, Yangon, Myanmar



၇။ China Eastern Airlines

 

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းတွင် ရုံးစိုက်သည့် China Eastern လေကြောင်းလိုင်းကို ၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံအပါအဝင် အာရှ၊ ဥရောပနှင့် ဩစတေးလီးယား နိုင်ငံများရှိ မြို့များသို့ ပြည်တွင်းပြည်ပ ခရီးစဉ် (၁၀၀) ကျော်ကို ပျံသန်း ပြေးဆွဲလျက် ရှိသည်။

 

ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း

Yangon → Bangkok

ခရီးစဉ်အားလုံး ကြည့်ရန်

 

ဆက်သွယ်ရန်

01-9345410

chinaeasternrgn@gmail.com, chinaeasternairlinesrgn@gmail.com 

Rm 15, 12th Flr, Myanmar Center Tower (2), Bahan, Yangon , Myanmar



၈။ Nok Air

 

ဘန်ကောက်တွင် အခြေစိုက်သည့် Nok Air သည် ၂၀၀၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော ဘတ်ဂျက် လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။ ထိုင်းနိုင်ငံတွင်း ခရီးစဉ်များကို အဓိက ပြေးဆွဲပြီး မြန်မာအပါအဝင် အိန္ဒိယ၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်ဝမ်၊ တရုတ်နိုင်ငံရှိ မြို့များသို့လည်း ခရီးစဉ် (၉) ခုဖြင့် ပျံသန်း ပြေးဆွဲလျက် ရှိသည်။ 

 

ပြေးဆွဲနေသော ခရီးစဉ်လမ်းကြောင်း

Yangon → Bangkok

ခရီးစဉ်အားလုံး ကြည့်ရန်

 

ဆက်သွယ်ရန်

01-255050, 01-255021

339, Rm 0105, G Flr, Bogyoke Aung San Rd., Sakura Tower, Kyauktada, Yangon , Myanmar

 

လက်ရှိ မြန်မာနိုင်ငံမှ ပြည်တွင်းပြည်ပ ပျံသန်း ပြေးဆွဲနေသော လေကြောင်းလိုင်း (၂၀) ခုနှင့် ခရီးစဉ်များကို အောက်ပါလင့်ခ်များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။ > https://t.ly/bxIfF

⇐ Previous Next

Read 855 times