Things To Do

76th Union Day Commemorative Fair

76th Union Day Commemorative Fair

၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် လေ့လာစရာ ပြခန်းများနှင့် စျေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့မှာ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ခင်းကျင်းပြသ ရောင်းချသွားရန် စီစဉ်နေပါသည်။

ဈေးပွဲတော်တွင် တိုင်းနှင့် ပြည်နယ်အသီးသီးမှ လာရောက် ရောင်းချမည့်သူများအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် တည်းခိုနေထိုင်စားသောက်ရေးကို စီစဉ်ဆောင်ရွက်ပေးရန် ပြင်ဆင်နေကြောင်း သိရပါသည်။

Click Here - King Metal

အဆိုပါ ဈေးရောင်းပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည့်အပြင် လေ့လာစရာ ပြခန်းများအနေဖြင့် ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အနုပညာပြခန်း၊ ဝတ်စားဆင်ယင်မှုပြခန်း၊ ဒေသထွက်ကုန် ပစ္စည်းပြခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်း၊ စုစုပေါင်းပြခန်း ၅၅ ခန်း ပါဝင်ပါမည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်လုပ်သည့်  အိမ်သုံးဆေးဝါးနှင့် တိုင်းရင်းဆေးများ၊ လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန်၊ အီလက်ထရောနစ် ဆက်စပ်ပစ္စည်းများ၊ ဟိုတယ်နှင့် အိမ်သုံး မီးဖိုချောင်ပစ္စည်းများ၊ ဧည့်ခန်းသုံးပစ္စည်းများကိုလည်း ခင်းကျင်းရောင်းချသွားမည်ဟု သိရပါသည်။

 

⇐ Previous Next ⇒

Read 4358 times